Pages

Subscribe:

Tuesday, March 24, 2015

တင်ပါးဒဏ်ရာကြောင့် လစ်သူယေးနီးယားနှင့် အင်္ဂလန်၏ ဥရောပ ခြေစစ်ပွဲကို စတားရစ်ဂ်ျ လွဲချော်



တင်ပါးဒဏ်ရာကြောင့် လစ်သူယေးနီးယားနှင့် အင်္ဂလန်၏ ဥရောပ ခြေစစ်ပွဲကို စတားရစ်ဂ်ျ လွဲချော်

ယခုရာသီ ဒဏ်ရာပြဿနာဆိုးများနှင့် ဆက်တိုက် ကြုံနေရသည့် လီဗာပူးလ် တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျသည် နောက်ထပ် ဒဏ်ရာအခြေအနေ တစ်ရပ်ကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း၏ လစ်သူယေးနီးယားနှင့် ပွဲစဉ်ကို လွဲချော်တော့မည် ဖြစ်သည်။

စတားရစ်ဂ်ျသည် တနင်္ဂနွေနေ့က အန်းဖီးလ်တွင် မန်ချက်စတာ ယူနိုက်တက်ကို (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ချေပဂိုး သွင်းယူနိုင်ခဲ့သော်လည်း တင်ပါးဒဏ်ရာ ရရှိသွားခဲ့သည်။ ထို့ကြောင့်လည်း ၎င်းသည် လစ်သူယေးနီးယားနှင့် ကစားမည့် ဥရောပဖလား ခြေစစ်ပွဲစဉ်တွင် အင်္ဂလန်ကို ကိုယ်စားပြုနိုင်တော့မည် မဟုတ်ချေ။ အသက်(၂၅)နှစ်ရှိ ကစားသမားသည် တနင်္လာနေ့တွင် စိန့်ဂျော့ဂ်ျပါ့ခ်သို့ လာရောက် သတင်းပို့ရမည် ဖြစ်သော်လည်း မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်အတွက် စိတ်ပျက်စရာသာ ဖြစ်ခဲ့သည်။

အခြား လီဗာပူးလ် ကစားသမား တစ်ဦးဖြစ်သည့် တောင်ပံလူ အဒမ် လယ်လာနာသည်လည်း အဆိုပါ ပွဲစဉ်တွင် ပေါင်ခြံဒဏ်ရာ ရရှိထားသဖြင့် အင်္ဂလန် လူစာရင်းမှ နုတ်ထွက်ပြီး တစ်ပွဲမျှ လက်ရွေးစင်အဆင့် မကစားဖူးသေးသည့် တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူ ရိုင်ယန်မေဆန်နှင့် အစားထိုးခဲ့ရသည်။ စတားရစ်ဂ်ျအတွက် ယခုဒဏ်ရာသည် ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက်၍ လက်ရှိရာသီ နောက်ဆုံး ကြုံလာရသည့် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်သည်။ စတားရစ်ဂ်ျသည် ဘောလုံးရာသီ စကတည်းက ပေါင်ဒဏ်ရာ၊ ခြေသလုံး ဒဏ်ရာများကြောင့် လပေါင်းအတန်ကြာ အနားယူခဲ့ရပြီး ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment