Pages

Subscribe:

Thursday, March 19, 2015

အက်သလက်တီကို မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆီမြွန်နီ နီးစပ်နေ



အက်သလက်တီကို မက်ဒရစ်နှင့် စာချုပ်သက်တမ်းတိုးရန် ဆီမြွန်နီ နီးစပ်နေ

ဒီယေဂို ဆီမြွန်နီသည် အက်သလက်တီကို မက်ဒရစ်နှင့် စာချုပ်သက်တမ်း တိုးမြှင့်ရန် နီးစပ်နေကြောင်း ၎င်း၏ ညီမနှင့် အေးဂျင့်တို့က ထုတ်ဖော် ပြောကြားလိုက်သည်။

အက်သလက်တီကိုသည် အင်္ဂါနေ့က ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့တွင် ဘိုင်ယန်လီဗာကူဆင်နှင့် နှစ်ကျော့ပိုင်းရလဒ် တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၈ သင်းစာရင်းတွင် ပါဝင်နိုင်ခဲ့သည်။

ပွဲအပြီးတွင် ဆီမြွန်နီက “ကျွန်တော် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ အက်သလက်တီကိုနဲ့ဆိုရင် ပွဲစဉ်တိုင်းက စိတ်လှုပ်ရှားစရာတွေချည်းပါပဲ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဆီမြွန်နီ၏ ညီမဖြစ်သူက “လာမယ့် ရက်အနည်းငယ်အတွင်းမှာ သတင်းကောင်းတွေ ရောက်ရှိလာပါလိမ့်မယ်။ အသင်းပရိသတ်တွေက အရမ်းကို ပျော်ရွှင်ရပါလိမ့်မယ်။ ကျွန်မတို့အနေနဲ့ ဆက်လက် လက်တွဲဖို့ ရှိပါတယ်။ ဒီယေဂိုက သူ့ရဲ့အလုပ်အပေါ်မှာ ယုံကြည်ချက်အမြဲရှိသူပါ။ သူက သူ့ရဲ့ ကစားသမားတွေအပေါ်မှာလည်း အမြဲယုံကြည်မှုရှိပါတယ်” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment