Pages

Subscribe:

Sunday, March 15, 2015

ချယ်ဆီးကို အံအားသင့်အောင် လုပ်နိုင်စွမ်းရှိကြောင်း ဆောက်သမ်တန် ကစားသမား ဂျူရစ်ဆစ် ဆို



ချယ်ဆီးကို အံအားသင့်အောင် လုပ်နိုင်စွမ်းရှိကြောင်း ဆောက်သမ်တန် ကစားသမား ဂျူရစ်ဆစ် ဆို

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် သွားရောက်ယှဉ်ပြိုင်ရမည့် မိမိ၏အသင်းသည် ချယ်ဆီးအသင်းကို စိတ်ပျက်ဖွယ် ရက်သတ္တပတ်နှင့် ကြုံတွေ့စေနိုင်သည့် အရည်အသွေးရှိကြောင်း ဆောက်သမ်တန် ကွင်းလယ်ကစားသမား ဖီးလစ်ဂျူရစ်ဆစ်က ပြောကြားလိုက်သည်။

ရော်နယ်ကိုးမန်း၏ အသင်းသည် တနင်္ဂနွေနေ့တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်၌ ရပ်တည်နေသည့် ချယ်ဆီးနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ချယ်ဆီးသည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ပီအက်စ်ဂျီနှင့် မိနစ် ၁၂၀ ကစားထားရပြီး ဧည့်သည် ဆောက်သမ်တန်အသင်းမှာ အားအင်ပြည့်ဝနေသည့် အသင်းဖြစ်သည်။

ထို့နောက် ဘန်ဖီကာမှ အငှားဖြင့် လာရောက်ကစားနေသည့် ဂျူရစ်ဆစ်က “ကျွန်တော်တို့က ချယ်ဆီးနဲ့ ကစားပြီးရင် ဘန်လေနဲ့ ကစားရပါမယ်။ ဒီပွဲတွေက ကျွန်တော်တို့ရဲ့ ကံတရားကို အဆုံးအဖြတ်ပေးမယ့် ပွဲတွေပါ။ ချယ်ဆီးအသင်းက ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အတွက်ကြောင့် သူတို့အတွက်က နည်းနည်းခက်ခဲနိုင်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ တစ်ပန်းသာတဲ့ အချက်ပေါ့။ အသင်းရဲ့ အရည်အသွေးအရ ဆိုရင် ကျွန်တော်တို့ ရည်မှန်းထားတဲ့ နေရာကို ရောက်နိုင်ပါတယ်” ဟု ဂျူရစ်ဆစ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆောက်သမ်တန်အသင်းတွင် ပါဝင်ကစားရခြင်းနှင့် ပတ်သက်၍ ဂျူရစ်ဆစ်က “အခုအချိန်မှာ အရာအားလုံးက အိုကေနေပါတယ်။ ပွဲအချို့မှာလည်း ကျွန်တော် ကစားခဲ့ရပါတယ်။ အဲ့ဒီအတွက် ကျေနပ်ပါတယ်။ ဥရောပပြိုင်ပွဲဝင်ခွင့် တစ်နေရာရရှိဖို့အတွက် အခွင့်အရေးရှိတာက ကောင်းတဲ့အချက်ပါ” ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment