Pages

Subscribe:

Friday, March 27, 2015

အသင်းခေါင်းဆောင် တယ်ရီကို ချယ်လ်ဆီးအသင်း တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို



အသင်းခေါင်းဆောင် တယ်ရီကို ချယ်လ်ဆီးအသင်း တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို
Written by  အောင်ငြိမ်းသွေး

အင်္ဂလန် (မဇ္ဈိမ)။ ။ ချယ်လ်ဆီးအသင်းသည် ၎င်းတို့အသင်း၏ အားထားရသော အသင်းခေါင်းဆောင်တယ်ရီကို တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ စာချုပ်သစ်အရ တယ်ရီသည် တစ်ပတ်လျှင် လစာငွေ ပေါင် ၁၅၀,၀၀၀ ရရှိမည် ဖြစ်ပြီး ချယ်လ်ဆီးအသင်းတွင် နောက်တစ်ရာသီ ဆက်ရှိနေဦးမည် ဖြစ်သည်။

ဝါရင့်နောက်ခံကစားသမား တယ်ရီသည် ယခုရာသီတွင် ပုံစံကောင်းကို ရရှိနေပြီး ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိသည်။ ချယ်လ်ဆီးအတွက် ကက်ပီတယ်ဝမ်းဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်တွင် လည်း ထိပ်ဆုံးမှ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသည်။

ချယ်လ်ဆီးအသင်းသည် ၀ါရင့်ကွင်းလယ်ကစားသမားလမ်းပတ် ပြိုင်ဘက် မန်စီးတီးအသင်းသို့ ရောက်ရှိသွားသည့် အဖြစ်မျိုး ထပ်မံ မဖြစ်ပွားစေရန် တယ်ရီကို တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ၀မ်းမြောက်မိကြောင်း တယ်ရီက အသင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ပြောသည်။

'ချယ်လ်ဆီးအသင်းမှာ ရှိနေမယ့် ကာလအတွင်း ဆုဖလားတွေ ထပ်မံရယူနိုင်မယ်လို့ ထင်ပါတယ်။ နည်းပြမော်ရင်ဟိုနဲ့ လက်ရှိကစားသမား အင်အားက အောင်မြင်မှုတွေကို ရယူနိုင်စွမ်းရှိပါတယ်။ ချယ်လ်ဆီးလို ကြီးကျယ်ခမ်းနားတဲ့ အသင်းမှာ ကစားခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးကြတဲ့ ပရိသတ်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်' ဟု လည်း တယ်ရီက ပြောသည်။

တယ်ရီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပြောသည်။

တယ်ရီသည် ချယ်လ်ဆီးအသင်းတွင် ၁၉၉၈ ခုနှစ်က စတင် ပွဲထွက်ကစားခွင့် ရရှိခဲ့ပြီး ၆၆၁ ပွဲ ပါဝင်ကစားပေးထားသည်။ တယ်ရီသည် ချယ်လ်ဆီးနှင့်အတူ အဓိက ဆုဖလားများဖြစ်သည့် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ ကက်ပီတယ်ဝမ်း၊ အက်ဖ်အေ၊ ကွန်မြူနတီဖလားတို့ကို ရယူနိုင်ခဲ့သည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း
Mizzima

0 comments:

Post a Comment