Pages

Subscribe:

Monday, March 16, 2015

FACEBOOK ပေါ်တွင် လူကြိုက်အများဆုံး ပုဂ္ဂိုလ်အဖြစ် ရော်နယ်ဒို ရပ်တည်



FACEBOOK ပေါ်တွင် လူကြိုက်အများဆုံး ပုဂ္ဂိုလ်အဖြစ် ရော်နယ်ဒို ရပ်တည်

ရီးယဲမက်ဒရစ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုသည် ကွင်းတွင်း စွမ်းဆောင်ရည်ကျဆင်းနေသော်လည်း Facebook ပေါ်တွင် Like အများဆုံးရရှိသည့် ပုဂ္ဂိုလ် ဖြစ်လာခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွက် FIFA Ballon d’Or ဆုကို နှစ်ကြိမ်ဆက် ရရှိထားသည့် ရီးယဲမက်ဒရစ် ကြယ်ပွင့်သည် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။

လက်ရှိတွင် ရီးယဲမက်ဒရစ်သည် လာလီဂါ အမှတ်ပေးဇယား ဒုတိယနေရာသို့ ကျဆင်းသွားခဲ့ပြီး ချန်ပီယံလိဂ်တွင်လည်း ရှုံးထွက်အဆင့်မှ ထွက်ခွာရလုနီးပါး ဖြစ်ခဲ့သော်လည်း အသက် ၃၀ နှစ်အရွယ် ရော်နယ်ဒိုက ကမ္ဘာ့ပရိသတ်အရရှိဆုံး နံပါတ် ၁ ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ရော်နယ်ဒို၏ Facebook Like အရေအတွက်သည် အောက်တိုဘာလက သန်း ၁၀၀ ကျော်ခဲ့ပြီး လက်ရှိတွင် ပရိသတ်ဦးရေ ၁၀၇ သန်းအထိ ရှိလာခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် Facebook လူမှုကွန်ရက်တွင် နာမည်အကျော်ကြားဆုံး account ဖြစ်သည့် Shakira ထက် ကျော်လွန်ခဲ့ပြီး ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေး၏ ဇနီးဖြစ်သူ ပေါ့ပ်ကြယ်ပွင့်ထက် ပရိသတ်ဦးရေ ၁၆,၀၀၀ ကျော် သာလွန်ခဲ့သည်။

လီယွန်နယ်မက်ဆီမှာ Facebook ၏ နာမည်အကျော်ကြားဆုံး ဘောလုံးသမား စာရင်းတွင် Like ၇၈ သန်းဖြင့် ဒုတိယနေရာ၌ လည်းကောင်း၊ ဒေးဗစ်ဘက်ခမ်းမှာ Like ၅၂ သန်းဖြင့် တတိယနေရာ၌ လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိသည်။

ရီးယဲမက်ဒရစ်၏ Facebook ပရိသတ်သည် ၈၂.၉ သန်းကျော်ရှိပြီး ဘာစီလိုနာ ပရိသတ်မှာ ၈၃.၆ သန်း ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment