Pages

Subscribe:

Sunday, March 15, 2015

၂၀၀၅ ခုနှစ်က ဘောလုံးလောကမှ အနားယူရန် နီးစပ်ခဲ့ကြောင်း ပီယာလို ဖွင့်ဟ



၂၀၀၅ ခုနှစ်က ဘောလုံးလောကမှ အနားယူရန် နီးစပ်ခဲ့ကြောင်း ပီယာလို ဖွင့်ဟ

၂၀၀၅ ခုနှစ်က ချန်ပီယံလိဂ်တွင် လီဗာပူးလ်ကို အေစီမီလန်အသင်း အရေးနိမ့်ခဲ့ပြီးနောက် မိမိအနေဖြင့် ဘောလုံးလောကမှ အနားယူရန် နီးစပ်ခဲ့ကြောင်း အင်ဒရီယာ ပီယာလိုက ထုတ်ဖော်ပြောကြားလိုက်သည်။

အေစီမီလန်သည် အဆိုပါ ချန်ပီယံဗိုလ်လုပွဲတွင် ပထမပိုင်း၌ လီဗာပူးလ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရနေခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုး ၃ ဂိုး ပြန်ပေးခဲ့ရပြီး အချိန်ပိုတွင် အနိုင်အရှုံး အဖြေမပေါ်ခဲ့သောကြောင့် ပင်နယ်တီ ကန်သွင်းခဲ့သည်။ ပင်နယ်တီ အဆုံးအဖြတ်တွင် ပီယာလို၏ ကန်သွင်းချက်ကို ဂျာဇီဒူးဒက်က ကာကွယ်နိုင်ခဲံသလို ရှက်ဖ်ချန်ကို၏ ပင်နယ်တီကလည်း လွဲချော်ခဲ့သောကြောင့် လီဗာပူးလ်ကို အရေးနိမ့်ခဲ့ရသည်။

“ဘောလုံးလောကကို စွန့်ခွာမယ့်နေ့က အဝေးကြီးမှာ ရှိနေပါသေးတယ်။ ဒါပေမဲ့ တစ်ချိန်တုန်းက ဘောလုံးလောကကို စွန့်ခွာမယ့် အတွေး ဝင်ခဲ့ဖူးပါတယ်။ အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့နောက် ဘောလုံးလောကနဲ့ ဝေးရာကို ထွက်သွားလုနီးပါး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော့်မှာ ခံနိုင်ရည် လုံးဝမရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ဘောလုံး ကစားသမားဘဝက ပြီးသွားပြီလို့ ထင်ခဲ့တာပါ” ဟု ပီယာလိုက ဆိုခဲ့သည်။

အသက် ၃၅ နှစ်အရွယ် ပီယာလိုသည် ဘောလုံးဆက်ကစားရန် ရွေးချယ်ခဲ့ပြီး ဘောလုံးလောက၏ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင် တစ်ဦး ဖြစ်လာခဲ့သည်။

ပီယာလိုသည် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် မီလန်အသင်းနှင့် ချန်ပီယံလိဂ်ဆုဖလားကို ရယူခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ဆန်ဆီရိုမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် စီးရီးအေ ချန်ပီယံ ဆုဖလားကို ရယူနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment