Pages

Subscribe:

Tuesday, March 31, 2015

ရီးယဲလ်နည်းပြ ရာထူးကို မျှော်လင့်ထားကြောင်း ဇီဒန်းဝန်ခံ



ရီးယဲလ်နည်းပြ ရာထူးကို မျှော်လင့်ထားကြောင်း ဇီဒန်းဝန်ခံ

မိမိအနေဖြင့် အနာဂတ်ကာလ ရီးယဲလ်မက်ဒရစ် နည်းပြနေရာကို ရယူနိုင်ရန် မျှော်လင့်ထားကြောင်း ဇနီဒင်း ဇီဒန်းက ဖွင့်ဟ ဝန်ခံခဲ့သည်။

ဂျူဗင်းတပ်စ်၊ ရီးယဲလ်နှင့် ပြင်သစ် လက်ရွေးစင် အသင်းတို့တွင် ဂန္ထဝင် ကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးသည့် ဇီဒန်းသည် လတ်တလောတွင် ရီးယဲလ် အရန်အသင်းကို နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်လျက် ရှိသည်။ ၎င်းက လက်ရှိ ရီးယဲလ်နည်းပြ ကာလို အန်ဆလော့တီ နောက်ပိုင်းတွင် အသင်းကို ကိုင်တွယ်လိုကြောင်း ဖွင့်ဟခဲ့သလို ပြင်သစ် လက်ရွေးစင် အသင်း၏ နည်းပြရာထူး အတွက်လည်း စိတ်ဝင်တစား ရှိနေကြောင်း Canal Plusသို့ ပြောကြားသွားခဲ့သည်။ ၎င်းက “ဟုတ်ပါတယ်။ ရီးယဲလ်နည်းပြ ရာထူးကို ကျွန်တော် ရည်မှန်းပါတယ်။ ဒါပေမဲ့ လောလောဆယ် ဒီတာဝန်ကို အန်ဆလော့တီလို နည်းပြမျိုးက ရယူထားပြီး တကယ့်ကို အကောင်းဆုံးတွေ လုပ်ပြနေပါတယ်”ဟု ဆိုသည်။

၎င်းက “တကယ်လို့ ရီးယဲလ် ပထမအသင်းအတွက် နည်းပြအဖြစ် လုပ်ဆောင်ပေးဖို့ ကမ်းလှမ်းရင် ကျွန်တော် အဆင်သင့် ဖြစ်နေပြီလို့ ခံစားမိသလားလို့ မေးလာရင်တော့ မဖြစ်သေးဘူးလို့ပဲ ဖြေရပါမယ်။ ဒါပေမဲ့ အဲဒီလို ကမ်းလှမ်းမှုမျိုးသာ တကယ်ရှိလာမယ်ဆိုရင် ကျွန်တော် ချက်ချင်း သဘောတူမိမှာပါပဲ”ဟုလည်း ဖွင့်ဟခဲ့သည်။ အသက်(၄၂)နှစ်ရှိ ဇီဒန်းက ကစားသမားဘဝ (၁၉၉၈)ခုနှစ်တွင် ၎င်းဦးဆောင်ပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်စေခဲ့ဖူးသည့် ပြင်သစ် အသင်းကိုလည်း နည်းပြအဖြစ် ဦးဆောင်လိုကြောင်း ဆိုသည်။

၎င်းက “ကျွန်တော် ပြင်သစ်အသင်းမှာ ကစားသမားတစ်ယောက် ဖြစ်ဖူးတယ်။ နည်းပြ အနေနဲ့ ဆိုရင်လည်း သိပ်ကောင်းမှာပဲလို့ အတွေးဝင်မိပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ နည်းပြ ဒီဒီရာဒက်စ်ချမ့်ပ်က အသင်းကို ကောင်းကောင်းကြီး ကိုင်တွယ်ပြနေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ရည်မှန်းချက်၊ ကျွန်တော့် ပစ်မှတ်တွေထဲမှာ ပြင်သစ်နည်းပြ ရာထူးလည်း ပါဝင်တယ်ဆိုတာ အမှန်ပါပဲ”ဟု ပြောကြားသွားသည်။

Soccer Myanmar

0 comments:

Post a Comment