Pages

Subscribe:

Friday, March 20, 2015

ယူရိုပါလိဂ် ကွာတား ဖိုင်နယ်တွင် လက်ရှိချန်ပီယံ ဆီဗီလာနှင့် ဇင်းနစ် တို့တွေ့ဆုံ



ယူရိုပါလိဂ် ကွာတား ဖိုင်နယ်တွင် လက်ရှိချန်ပီယံ ဆီဗီလာနှင့် ဇင်းနစ် တို့တွေ့ဆုံ
Written by  အောင်ငြိမ်းသွေး

နီယွန်၊ မတ် ၂၀ ။       ။ ချန်ပီယံလိဂ်  ကွာတား ဖိုင်နယ် ပွဲစဉ်များ မဲခွဲပြီးနောက်တွင်  ယူရိုပါလိဂ် ကွာတား ဖိုင်နယ်  များအတွက်  ဆက်လက် မဲနှိုက်ခဲ့ရာတွင်
လက်ရှိချန်ပီယံ ဆီဗီလာအသင်းမှာ ရုရှကလပ်ဇင်းနစ် အသင်းနှင့်တွေ့ ဆုံလျက်ရှိပြီးနိုင်ငံ တူအသင်း အချင်းချင်းတွေ့ ဆုံမှုများ ကိုရှောင် လွှဲနိုင် ခဲ့ကြသည်။
ယခုရာသီ တွင်ခြေစွမ်းပြ လျက်ရှိပြီး ၁၆ သင်းအဆင့်တွင် အင်တာမီလန်အသင်း ကိုကျော်ဖြတ်လာသည့် ဂျာမန်ကလပ် ၀ုဖ်ဘတ်အသင်းမှာ စီးရီးအေ ထိပ်သီး အသင်းတစ် သင်းဖြစ်သည့် နာပိုလီနှင့်တွေ့ ဆုံနေပြီး ယူကရိန်းကလပ် ဒီနီပရိုအသင်းမှာ ဘယ်လ်ဂျီယံကလပ် ဘရုဂျက်နှင့်တွေ့ ဆုံလျက်ရှိသည်။

အဲဗာတန် ကိုဖြတ်ကျော် လာသည့် ယူကရိန်း ကလပ် ဒိုင်နမိုကိဗ် အသင်းမှာမူ ရိုးမားကို အနိုင်ယူလာသော စီးရီးအေ ထိပ်သီးနောက် တစ်သင်းဖြစ် သည့်ဖီအို ရင်တီးနားကို ရင်ဆိုင်ရ မည်ဖြစ်သည်။

နိုင်ငံတူအသင်းများဖြစ်သော နာပိုလီနှင့် ဖီအိုရင်တီးနား၊ ဒိုင်နမိုကိဗ်နှင့် ဒီနီပရိုတို့မှာ အချင်းချင်းတွေ့ဆုံမှု ကိုရှောင်လွှဲနိုင် ခဲ့ကြသည်။

ယူရိုပါလိဂ်ကွာတား ဖိုင်နယ်ပွဲစဉ်များ၏ ပထမအကျော့ ပွဲစဉ်များကို ဧပြီလ၁၆ရက်နေ့တွင် ကစားမည်ဖြစ်ပြီး ဒုတိယ အကျော့ ပွဲစဉ်များကို ဧပြီလ ၂၃ ရက်နေ့ တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
Ref: UEFA

Mizzima

0 comments:

Post a Comment