Pages

Subscribe:

Thursday, March 26, 2015

ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသည့် ဗာမေလန် ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေ



ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသည့် ဗာမေလန် ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေ

တံကောက်ကြော ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသည့် ဘာစီလိုနာ နောက်ခံလူ သောမတ်စ် ဗာမေလန်သည် ယခုအခါ ဘောလုံးပြန်ကစားနိုင်ရန် နီးစပ်နေပြီဟု သိရှိရသည်။

ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုခံစစ်သမားသည် နွေရာသီ ဈေးကွက်အတွင်းက ပေါင်စတာလင် (၁၅)သန်း ဝန်းကျင်ဖြင့် အာဆင်နယ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖြစ်ခဲ့သည်။ သို့သော်လည်း ၎င်းသည် ဒဏ်ရာ ပြဿနာများဖြင့် တောက်လျှောက် ရုန်းကန်နေရပြီး အသင်းသစ်တွင် ပွဲထွက် ပါဝင်နိုင်ခဲ့ခြင်း မရှိချေ။ ၎င်းသည် ခွဲစိတ်မှု ခံယူခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင်မူ အသင်းနှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့သည်။ ဗာမေလန်သည် အဆိုပါ ဒဏ်ရာကို ဘရာဇီးလ်တွင် ကျင်းပသည့် (၂၀၁၄)ခုနှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ရရှိလာခြင်း ဖြစ်သည်။

အသက်(၂၉)နှစ်ရှိ ဗာမေလန်၏ ကြံ့ခိုင်မှု အခြေအနေအရ ခေါ်ယူရန် မဖြစ်သင့်သော်လည်း ဘာစီလိုနာက ဝယ်ယူ စာချုပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးခွန်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။ ဘာစီလိုနာ အသင်းက ယခုအခါ ဗာမေလန်သည် အသင်းတွင် လေ့ကျင့်ခန်း စဆင်းနေပြီဖြစ်ကြောင်း တရားဝင် ဝက်ဘ်ဆိုက်မှတစ်ဆင့် အတည်ပြု ဖော်ပြခဲ့သည်။ ၎င်းသည် နိုင်ငံတကာ ပွဲစဉ်များအပြီး ဆယ်လ်တာဗီဂိုနှင့် ကစားမည့် လာလီဂါ ပွဲစဉ်တွင် ဘာစီလိုနာအတွက် ပါဝင်လာနိုင်ဖွယ် ရှိနေသည်။

ဘာစီလိုနာသည် အဓိကပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို တနင်္ဂနွေနေ့က (၂-၁)ဖြင့် အနိုင်ရခဲ့ပြီးနောက် လတ်တလောတွင် အမှတ်ပေးဇယားကို (၄)မှတ်ဖြတ် ဦးဆောင်လျက်ရှိသည်။

Soccer Myanmar

0 comments:

Post a Comment