Pages

Subscribe:

Wednesday, March 18, 2015

နေပြည်တော် အကယ်ဒမီ အုပ်ချုပ်နည်းပြနဲ့ ကစားသမားတွေ လစာတွေ ဆယ်ရက်အတွင်းဖြေရှင်းပေးမယ်



နေပြည်တော် အကယ်ဒမီ အုပ်ချုပ်နည်းပြနဲ့ ကစားသမားတွေ လစာတွေ ဆယ်ရက်အတွင်းဖြေရှင်းပေးမယ်

လစာကြွေးကျန် ရဖို့ ကျန်ရှိနေသေးတဲ့ နေပြည်တော် ဘောလုံးအကယ်ဒမီ ကစားသမားတွေနဲ့ အုပ်ချုပ် နည်းပြတွေကို ဆယ်ရက် အတွင်း ဖြေရှင်းပေးမယ် ချိန်းဆိုလိုက်တယ်လို့ သိရပါသည်။

နေပြည်တော် ဘောလုံး အကယ်ဒမီ ကစားသမား မိဘတွေနဲ့ အုပ်ချုပ်နည်းပြ အဖွဲ့ဝင်တွေဟာ တစ်ပတ်အတွင်း ဖြေရှင်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါသည်။ “ကျွန်တော်တို့ နောက်ဆုံး ပြောလိုက်တာက ဆယ်ရက် အတွင်း ဖြေရှင်းပေးဖို့  ပြောလိုက်တာပါ။ သူတို့ဘက်ကလည်း အဲဒီအတိုင်း မဖြေရှင်းပေးနိုင်ရင် ကျွန်တော်တို့ မူလက ပြောထားတဲ့ အတိုင်း ဆန္ဒ ပြမှာပါ”လို့ နေပြည်တော် အ ကယ်ဒမီ ကျောင်းအုပ်ကြီး ဦးဝင်းမြင့်ကပြောပါသည်။

လက်ရှိ အချိန်မှာ နေပြည်တော် အကယ်ဒမီ ကျောင်းအုပ်ကြီး အပါအ၀င်အုပ် ချုပ်နည်းပြ၊ ကစားသမားတွေဟာ လစာငွေ ကျပ်သိန်းလေးရာကျော်ဖိုး ရှိတယ်လို့ သိရပါသည်။ ဒါ့အပြင် နေပြည်တော် ဘောလုံးအသင်း တာဝန်ရှိသူတွေဟာ လစာကြွေးကျန် များရဖို့ ကျန်နေသေးတဲ့ နေပြည်တော် ဖူဆယ်အသင်း အုပ်ချုပ်သူဟောင်း ဦးနိုင်ဝင်းနဲ့ တွေ့ ဆုံခဲ့တယ်လို့ သိရပါသည်။

Soccer Myanmar

0 comments:

Post a Comment