Pages

Subscribe:

Sunday, March 22, 2015

လီဗာပူးလ်နှင့် ဆွေးနွေးခဲ့ဖူးခြင်းမှာ စိတ်ဝင်စားစရာ ကောင်းသည့် ကိစ္စမဟုတ်ဟု ဗန်ဟားလ်ပြော



လီဗာပူးလ်နှင့် ဆွေးနွေးခဲ့ဖူးခြင်းမှာ စိတ်ဝင်စားစရာ ကောင်းသည့် ကိစ္စမဟုတ်ဟု ဗန်ဟားလ်ပြော
Written by  ဝေဘုန်းလူ

(လီဗာပူးလ်)။ ။ လွန်ခဲ့သည့်သုံးနှစ်ခန့်က လီဗာပူးလ်နှင့် ဆွေးနွေးခဲ့သေးသော်လည်း နည်းပြအဖြစ် တာဝန်မယူဖြစ်ခဲ့ခြင်းမှာ စိတ်ဝင်စားစရာကောင်းသည့် ကိစ္စမဟုတ်ဟု မန်ယူနည်းပြ ဗန်ဟားလ်က ပြောကြားလိုက်သည်။

၂၀၁၂ ခုနှစ်တွင် အားကစား ဒါရိုက်တာအဖြစ် ဆောင်ရွက်နေစဉ် လီဗာပူးလ်အသင်းနှင့် ဆွေးနွေးဖြစ်ခဲ့သေးသည်ဟု ဗန်ဟားလ်က အတည်ပြုပြောဆိုခဲ့ပြီး ယင်းကိစ္စမှာ အတိတ်တွင် ပြီးဆုံးခဲ့ပြီဟု ပြောသည်။ ၂၀၁၂ ခုနှစ်တွင် နယ်သာလန်နည်းပြ ဖြစ်မလာခင် လီဗာပူးလ်အ သင်းနှင့် ဆွေးနွေးခဲ့သေးသော်လည်း ကိုင်တွယ်ဖြစ်ခဲ့ခြင်းမရှိဘဲ လက်ရှိရော်ဂျာမှာ လီဗာပူးလ်နည်းပြ ဖြစ်လာခဲ့သည်။ လီဗာပူးလ်အသင်းနှင့် ဆွေးနွေးခဲ့သည့် ကိစ္စကို သတင်းထောက်များက မေးမြန်းရာတွင် ဗန်ဟားလ်က "မှန်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုစိတ်ဝင်စားစရာ မကောင်းပါဘူး။

ကလပ်အသင်းပေါင်းများစွာနဲ့ ကျွန်တော် ဆွေးနွေးခဲ့ဖူးတာပဲ။ ဒီတော့ လီဗာပူးလ်နဲ့ ဆွေးနွေးတဲ့ကိစ္စကလည်း စိတ်ဝင်စားကိစ္စလို့ မှတ်ယူလို့မရ
ပါဘူး။ ပြီးတော့ အတိတ်မှာကျန်ခဲ့ပါပြီ။ အတိတ်ကအကြောင်းတွေကို ပြန်အစဖော်တာ လီဗာပူးလ်၊ စပါးနဲ့ ကျွန်တော့်အတွက်တင်မကဘူး ဘယ်သူ့အတွက်မှမကောင်းပါဘူး။ အတိတ်ကအတိတ်မှာပဲကျန်ခဲ့ပါပြီ။ အခုကျွန်တော်တို့က လက်ရှိဘ၀ထဲမှာ နေထိုင်နေကြတာပါ" ဟု ပြော ဆိုခဲ့သည်။

၎င်းသည်လက်ရှိတွင် အင်္ဂလန်၏ နံပါတ်တစ် ကလပ်မန်ယူအသင်း နည်းပြအဖြစ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လီဗာပူးလ်အသင်းမှာလည်း
သမိုင်းတစ်လျှောက် အလွန်ကောင်းသည့် မှတ်တမ်းများပိုင်ဆိုင်ထားသည့်အသင်းဖြစ်ကြောင်း၊ မန်ယူအသင်းနည်းပြ ဖြစ်နေသောကြောင့် ၎င်း၏ အသင်းမဟုတ်သည့် လီဗာပူးလ်အသင်းအကြောင်းကို ပြိုင်ဘက်အနေအထား ပို၍မပြောနိုင်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment