Pages

Subscribe:

Monday, March 30, 2015

အန်းဖီးလ်ပရိသတ်များ နွေးထွေးစွာ ကြိုဆိုမှုအတွက် တောရက်စ်ကျေနပ်နေ



အန်းဖီးလ်ပရိသတ်များ နွေးထွေးစွာ ကြိုဆိုမှုအတွက် တောရက်စ်ကျေနပ်နေ

အန်းဖီးလ်သို့ တစ်ကျော့ပြန် ရောက်ရှိလာချိန်တွင် လီဗာပူးလ် ပရိသတ်များက နွေးထွေးစွာ ကြိုဆိုသည့်အတွက် ဝမ်းသာကြည်နူးမိကြောင်း ဖာနန်ဒို တောရက်စ်က ဖွင့်ဟခဲ့သည်။

(၂၀၁၁)ခုနှစ်က လီဗာပူးလ်ကို စွန့်ခွာပြီး ချယ်လ်ဆီးသို့ ရောက်ရှိသွားချိန်တွင် စပိန်တိုက်စစ်မှူးကို ပရိသတ်များက မုန်းတီးခဲ့သော်လည်း စတီဗင်ဂျရတ် အမှတ်တရ ပွဲစဉ်အဖြစ် အန်းဖီးလ်တွင် ပြန်လည်ပါဝင် ကစားပေးရာ၌မူ တောရက်စ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ လီဗာပူးလ်တွင် (၁၀၂)ပွဲကစားပြီး (၆၅)ဂိုး သွင်းယူပေးဖူးသည့် တိုက်စစ်မှူးသည် စတီဗင်ဂျရတ် လက်ရွေးစင် အသင်းနှင့် ဂျင်မီကာရေဂါ လက်ရွေးစင် အသင်းတို့ ကစားသော ခြေစမ်းပွဲတွင် ဂျရတ်၏ အသင်းဘက်မှ ဒုတိယပိုင်းတွင် လူစားဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

“တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဘယ်လို ပြောပြရမှန်းတောင် မသိဘူး။ ကျွန်တော့်အကြောင်း ပရိသတ်က သီချင်းတွေ ဆိုနေမယ်လို့ မျှော်လင့်မထားခဲ့ဘူး။ အန်းဖီးလ်မှာ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားခဲ့တာကို ကျွန်တော် အမှတ်ရဆဲပါ။ ပြီးတော့ လိဂ်ပြိုင်ပွဲမှာလည်း ဆုဖလားအတွက် တိုက်ပွဲဝင်ခဲ့တာတွေကိုရောပေါ့။ ဒီသီချင်းဟာ ကျွန်တော့်ခေါင်းထဲ အမြဲဝင်နေတယ်။ ကျွန်တော့်အတွက် သိပ်အရေးကြီးတယ်လေ။ လီဗာပူးလ်မှာ သုံးနှစ်ခွဲ ကစားခဲ့တာဟာ ကျွန်တော့် ကိုယ်ပိုင် ဘဝရော၊ ကစားသမားဘဝ ဖြတ်သန်းမှုကိုပါ ပြောင်းလဲသွားစေတယ်။ အရေးကြီး ပွဲစဉ်တွေမှာ လီဗာပူးလ် ပရိသတ်တွေ သီချင်းဆိုကြတာကို ကျွန်တော် အမြဲတမ်း သတိရတယ်။ ဒါကို ပြန်ကြားရတဲ့ အခိုက်အတန့်ကို ကျွန်တော် ဘယ်တော့မှ မမေ့တော့ပါဘူး”ဟု လက်ရှိ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးက ဖွင့်ဟခဲ့သည်။

အဆိုပါ အမှတ်တရ ပွဲစဉ်တွင် ကာရေဂါ၏ အသင်းက နှစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့သော်လည်း ဂျရတ်၏ ပင်နယ်တီ သွင်းဂိုးများကြောင့် နှစ်ဂိုးစီ သရေဖြင့် ပွဲသိမ်းခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment