Pages

Subscribe:

Friday, March 27, 2015

ဂါရတ်ဘေးလ်၏ ကားကို တိုက်ခိုက်ခဲ့သည့် ပရိသတ်သုံးဦး ပြစ်ဒဏ်ချမှတ်ခံရ



ဂါရတ်ဘေးလ်၏ ကားကို တိုက်ခိုက်ခဲ့သည့် ပရိသတ်သုံးဦး ပြစ်ဒဏ်ချမှတ်ခံရ
Written by  အောင်ငြိမ်းသွေး

(အင်္ဂလန်)။ ။ ဂါရတ်ဘေးလ်၏ ကားကို တိုက်ခိုက်ခဲ့ကြသည့် ရီးယဲလ်မက်ဒရစ် ပရိသတ်သုံးဦးကို စပိန်အစိုးရ၏ အခွင့်အာဏာ အပြည့်အ၀ အသုံးပြုခွင့်ရှိသည့် တရားရေးအဖွဲ့က ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။

ရီးယဲလ်အသင်း၏အဖွဲ့ဝင်တစ်ဦးနှင့် အဖွဲ့ဝင်မဟုတ်သည့် ကျန်နှစ်ဦးသည် ဒဏ်ငွေ ပေါင် ၂၂၀၀ ပေးဆောင်ရမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ ကြည့်ရှုခွင့်ခြောက်လပိတ်ပင်ခံခဲ့ရသည်။

ရီးယဲလ်အသင်းက ဘာစီလိုနာအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မက်ဒရစ်မြို့သို့ ပြန်အရောက်တွင် ဂါရတ်ဘေးလ်၏ကား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ရီးယဲလ်သို့ ပေါင် ၈၆ သန်းဖြင့် ရောက်ရှိလာသည့် ဂါရတ်ဘေးလ်သည် ထိုပွဲစဉ်တွင် စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့သည့်အတွက် ပရိသတ်များက စိတ်ဆိုး ဒေါသထွက်လျက်ရှိပြီး ယခုကဲ့သို့ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ရီးယဲလ်အသင်း၏ လေ့ကျင့်ရေးကွင်းမှ ဂါရတ်ဘေးလ်ထွက်ခွာစဉ် ပရိသတ်တစ်ဦးသည် ၎င်း၏ကားကို ရပ်တန့်စေရန် ကြိုးပမ်းခဲ့ပြီး နောက်တစ်ဦးက ဆဲရေးတိုင်းထွာခဲ့သည်။ ထို့နောက် ၎င်းတို့သည် ဘေးလ်၏ကားကို ကန်ကျောက်ခဲ့ကြသည်။ ဘေးလ်မှာ ကားဖြင့်မောင်းထွက်သွားခဲ့ပြီး မည်သည့်အန္တရာယ်မှ ကျရောက်ခြင်း မရှိခဲ့ပေ။

ဂါရတ်ဘေးလ်ကဲ့သို့ပင် နည်းပြ အန်စလော့တီ၊ နောက်ခံလူရာမို့စ်နှင့် တိုက်စစ်ကစားသမားဂျီစီရိုဒရီဂွက်ဇ်တို့လည်း ပရိသတ်များ၏ ရန်ပြုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ထိုကဲ့သို့ အသင်းနည်းပြနှင့် အသင်းသားများ ရန်ပြု တိုက်ခိုက်ခံရပြီးနောက်တွင် ရီးယဲလ်အသင်းက ထိုကဲ့သို့ ပြုလုပ်သူများကို ဥပဒေကြောင်းအရ အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက်တွင် ယခုကဲ့သို့ အရေးယူခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း - ဒေးလီးမေးလ်
Mizzima

0 comments:

Post a Comment