Pages

Subscribe:

Sunday, March 29, 2015

ဇာဗီ၏ နေရာတွင် အစားထိုးမည့် ကစားသမားစာရင်း၌ ကာဇိုလာပါဝင်လာ



ဇာဗီ၏ နေရာတွင် အစားထိုးမည့် ကစားသမားစာရင်း၌ ကာဇိုလာပါဝင်လာ
Written by  အောင်ငြိမ်းသွေး

(စပိန်)။ ။ ဘာစီလိုနာအသင်းသည် ဇာဗီ၏နေရာတွင် အစားထိုးရန် ကစားသမား ခြောက်ဦးခန့်ကို စောင့်ကြည့်လျက်ရှိနေရာ ထိုစာရင်း၌ အာဆင်နယ် ကွင်းလယ်ကစားသမား ကာဇိုလာ ပါဝင်လာခဲ့သည်။

ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား သုံးလုံးရရှိခဲ့သည့် ဇာဗီသည် ယခုနှစ်ရာသီအကုန်တွင် ကာတာကလပ် အယ်ဆတ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ အယ်ဆတ်အသင်းဘက်မှမူ ဇာဗီကို ခေါ်ယူနိုင်ပြီဟုပင် ဖော်ပြထားသည်။ ဘာစီလိုနာအသင်းနည်းပြ အင်းနရစ်သည် ဇာဗီကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း ကစားသမားက
အရန်အဖြစ်မနေလိုသည့်အတွက် အသင်းပြောင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက ဇာဗီ၏နေရာတွင် အစားထိုးရန် လျာထားသည့် ကစားသမားခြောက်ဦးမှာ ပေါ့ဂ်ဘာ(ဂျူဗင်တပ်စ်)၊ ဗာရက်တီ(ပီအက်စ်ဂျီ)၊ ဂန်ဒိုဂန်(ဒေါ့တ်မွန်)၊ ကိုကီ(အက်သလက်)နှင့် ကာဇိုလာ(အာဆင်နယ်)တို့ဖြစ်သည်။ မန်ယူတောင်ပံကစားသမား ဒီမာရီယာသည်လည်း ထိုစာရင်းတွင် ပါဝင်လျက်ရှိသည်။

ကာဇိုလာ၏ ကစားပုံသည် ဘာစီလိုနာအသင်းနှင့် အံ့ဝင်ရန် အသင့်တော်ဆုံးဖြစ်သော်လည်း အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့်အတွက် ၎င်းကို ခေါ်ယူရန်မှာ နည်းပြ အင်းနရစ်အတွက် စဉ်းစားဖွယ်ရာ ဖြစ်လျက်ရှိသည်။

ရည်ညွှန်း - မက်ထရို

Mizzima

0 comments:

Post a Comment