Pages

Subscribe:

Wednesday, March 25, 2015

ဘာစီလိုနာ ပရိသတ်များရှေ့ တွင်အောင်ပွဲခံခဲ့သည့် စီရော်နယ်ဒို အရေးယူခံ ရဖွယ်ရှိ



ဘာစီလိုနာ ပရိသတ်များရှေ့ တွင်အောင်ပွဲခံခဲ့သည့် စီရော်နယ်ဒို အရေးယူခံ ရဖွယ်ရှိ
Written by  အောင်ငြိမ်းသွေး

စပိန်၊ မတ် ၂၅။    ။ ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် အယ်လ်က လက်စီကို ဒါဘီပွဲစဉ် တွင်ချေပ ဂိုးသွင်း ယူပြီးနောက်  ဘာစီလိုနာ  ပရိသတ် များရှေ့ တွင်အောင်ပွဲခံ ခဲ့သည့်အတွက် အရေးယူခံ ရဖွယ်ရှိကြောင်း လာလီဂါဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ် ကပြောသည်။

ထိုပွဲစဉ်တွင် ဘာစီလိုနာအသင်း ကနောက်ခံလူမက်သရူး၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး စီရော်နယ်ဒိုက ပွဲချိန် ၃၁မိနစ် တွင်ချေပဂိုးပြန်လည် သွင်းယူပေး ခဲ့သည်။ ထို့နောက် ဒုတိယပိုင်းတွင် ဆွာရက်ဇ်က ဘာစီလိုနာအတွက် အဖိုးတန်အနိုင် ဂိုးသွင်းယူပေး ခဲ့သည်။

စီရော်နယ်ဒိုသည်  ပွဲချိန် ၃၁ မိနစ်၌ ရီးယဲလ်အသင်း  အတွက်ချေပဂိုးကို  သွင်းယူပေး  ခဲ့ပြီးနောက် ဘာစီလိုနာ ပရိသတ်များရှေ့ တွင် အေးအေးဆေးဆေးနေ ငါရှိတယ် ဆိုသည့် ပုံစံမျိုးဖြင့် အောင် ပွဲခံခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့အောင်ပွဲ ခံခြင်းသည် ပထမဆုံး အကြိမ် မဟုတ်ဘဲ  စီရော်နယ်ဒိုသည် ဘာစီလိုနာနှင့် ယှဉ်ပြိုင်သည့် ယခင်ပွဲစဉ် များတွင်လည်း ထိုပုံစံမျိုးဖြင့် အောင်ပွဲခံခဲ့ဖူးသည်။

ထို့အပြင် စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပင်နယ်တီ  မှတစ်ဆင့်  ဂိုးသွင်း  ယူပြီးနောက် ရုပ်ရှင် ရိုက်ရာတွင် အသုံးပြုနိုင်ရန် အတွက် အင်္ကျီချွတ် ကာအောင်ပွဲ ခံခဲ့သည့် အတွက် ဝေဖန် မှုများနှင့် ရင်ဆိုင်ခဲ့ ရဖူးသည်။

'ကစားသမားတွေအနေနဲ့ ဂိုးသွင်းယူပြီးတဲ့ အချိန်မှာဖြစ်စေ၊ အခြားအချိန် မှာပဲဖြစ်စေပရိသတ်တွေ ဆူပူမှုဖြစ်အောင် လှုံဆော်ပေးတဲ့ ပုံစံတွေကို ကျွန်တော်တို့ အနေနဲ့   ဂရုစိုက်စောင့်ကြည့် သွားမှာပါ။ ဒီအပြုအမူတွေကို ပိတ်ပင်သွားမှာ ဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ် အထိအရေး ယူသွား မှာဖြစ်ပါတယ်' ဟု  လာလီဂါဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ် ကပြောသည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment