Pages

Subscribe:

Monday, March 16, 2015

ချန်ပီယံ စိန်ခေါ်သူ စာရင်းတွင် အာဆင်နယ် ပါဝင်လာဟု မော်ရင်ဟို အသိအမှတ်ပြု



ချန်ပီယံ စိန်ခေါ်သူ စာရင်းတွင် အာဆင်နယ် ပါဝင်လာဟု မော်ရင်ဟို အသိအမှတ်ပြု

အာဆင်နယ် အသင်းသည် ယခုအခါ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် ချန်ပီယံလုဘက် အသင်းတစ်သင်းအဖြစ် ပြန်လည် ရပ်တည်လာပြီဟု မန်နေဂျာ ဟိုဆေး မော်ရင်ဟိုက သုံးသပ် ပြောကြားခဲ့သည်။

ချယ်လ်ဆီးသည် ဆောက်သမ်တန်ကို အိမ်ကွင်းတွင် တစ်ဂိုးစီ သရေကျသွားသည့်နောက် ဝက်စ်ဟမ်းယူနိုက်တက်ကို သုံးဂိုးပြတ် အနိုင်ရထားသည့် အာဆင်နယ်နှင့် (၇)မှတ်သာ ကွာဟတော့သည်။ အမှတ်ပေးဇယား ဒုတိယ နေရာမှ လက်ရှိချန်ပီယံ မန်စီးတီးမှာမူ လတ်တလောတွင် ရလဒ်ပိုင်းအရ ရုန်းကန်နေရပြီး ဘန်လေကို အရေးနိမ့်ကာ အာဆင်နယ်ထက် တစ်မှတ်သာ သာတော့သည်။ ချယ်လ်ဆီးအနေဖြင့် အားသာချက် တစ်ချက်မှာ မန်စီးတီးနှင့် အာဆင်နယ်တို့ထက် တစ်ပွဲလျော့ ကစားထားခြင်း ဖြစ်သည်။

မော်ရင်ဟိုက “အာဆင်နယ်ဟာ ချယ်လ်ဆီးနောက်မှာ (၇)မှတ် ကွာနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ပွဲလျော့ ကစားထားတဲ့အတွက် ရပ်တည်မှုအရ ပိုပြီး အားသာတဲ့ အခြေအနေမှာ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ပီယံလုပွဲမှာ အရင်လို နှစ်သင်းတည်း မဟုတ်တော့ဘူး”ဟု ဆိုသည်။ အာဆင်နယ်သည် လတ်တလောတွင် ချန်ပီယံလိဂ်၌ အလားအလာ မကောင်းသော်လည်း ပြည်တွင်းပွဲစဉ်များတွင် အရှိန်ရလာခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး သတင်းထောက်များက သဘောထား မေးမြန်းရာ “အရှိန်ကောင်းလာတယ် ဆိုတာက ဘာကိုပြောတာလဲ။ မိုနာကိုကို (၃-၁)နဲ့ ရှုံးတာလား။ ဝက်စ်ဟမ်းကို (၃-၀)နဲ့ နိုင်တာလား။ ဘယ်အပိုင်းကို အရှိန်ကောင်းတယ်လို့ သတ်မှတ်မလဲ”ဟု မော်ရင်ဟိုက တန်ပြန် မေးခွန်းထုတ်သွားသည်။

Soccer Myanmar

0 comments:

Post a Comment