Pages

Subscribe:

Thursday, March 19, 2015

မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် စတားရစ်ခ်ျကို ပွဲထွက် စာရင်းမှ ချန်လှပ် ထားသင့်ကြောင်း ဟာမန်း အကြံပြု



မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် စတားရစ်ခ်ျကို ပွဲထွက် စာရင်းမှ ချန်လှပ် ထားသင့်ကြောင်း ဟာမန်း အကြံပြု

တနင်္ဂနွေနေ့တွင် အန်ဖီးလ်၌ မန်ချက်စတာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည့် ပွဲတွင် ဒန်နီရယ် စတားရစ်ခ်ျကို ပွဲထွက် စာရင်းမှ ချန်လှပ် ထားသင့်ကြောင်း လီဗာပူးလ် ကွင်းလယ် ကစားသမားဟောင်း ဒီယက်မာ ဟာမန်းက ပြောကြားလိုက်သည်။

စတားရစ်ခ်ျသည် မတ်လ ၁ ရက်က မန်ချက်စတာစီးတီးကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် လီဗာပူးလ်၏ နောက်ဆုံးသုံးပွဲတွင် ပွဲထွက်စာရင်း၌ ပါဝင်ခဲ့သည်။

အဆိုပါ ကာလတွင် အင်္ဂလန် လက်ရွေးစင် ကစားသမားသည် တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒဏ်ရာပြဿနာမှ ကင်းစင်ကာ ကြံ့ခိုင်မှုပြည့်ဝလုနီးပါး အခြေအနေတွင် ရှိနေသည်။

ထို့နောက် လီဗာပူးလ်နှင့် ချန်ပီယံလိဂ် ဆုဖလားရရှိခဲ့သည့် ဟာမန်းက အသင်းမန်နေဂျာ ဘရန်ဒန်ရော်ဂျာ အနေဖြင့် ရာဟင်းမ်စတာလင်ကို တိုက်စစ်မှူး တစ်ဦးအနေဖြင့် အသုံးချကာ စတားရစ်ခ်ျကို လူစားဝင် ကစားသမားအနေဖြင့် အသုံးပြုသင့်ကြောင်း အကြံပြုခဲ့သည်။

“စတာလင်ကို တိုက်စစ်မှာ ထားကစားပြီး စတားရစ်ခ်ျကို အရန်ခုံမှာ ထားခဲ့ရင် ကျွန်တော် အံ့အားသင့်မိမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ဒန်နီရယ်က ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် သူ့ကို အရန်ခုံမှာ ထားထားပြီး နောက်ဆုံး မိနစ် ၃၀ မှာမှ ဝင်ကစားစေချင်ပါတယ်။ အိုးထရတ်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲကို ပြန်ကြည့်မယ်ဆိုရင် ပထမပိုင်းမှာ စတာလင်ကို တိုက်စစ်မှူးအနေနဲ့ ထားကစားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် အခွင့်အရေးတွေ ဖန်တီးမှုအပိုင်းမှာတော့ တစ်ရာသီလုံးမှာ ကစားခဲ့တဲ့ ပွဲတွေထက် ပိုမိုပြီး ကြီးမားတဲ့ ခြားနားချက် ပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါမယ်” ဟု ဟာမန်းက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment