Pages

Subscribe:

Saturday, March 28, 2015

တင်ပါးဆုံ ဒဏ်ရာမ သက်သာ၍ စတူးရစ်ခ်ျ တစ်လခန့် ထိနားရနိုင်



တင်ပါးဆုံ ဒဏ်ရာမ သက်သာ၍ စတူးရစ်ခ်ျ တစ်လခန့် ထိနားရနိုင်
Written by  ဝေဘုန်းလူ

လန်ဒန်၊ မတ် ၂၇။    ။ တိုက်စစ်မှူး စတူးရစ်ခ်ျ  သည်တင်ပါး  ဆုံဒဏ်ရာ  မသက်သာသောကြောင့်  တစ်လခန့် အထိအနား ယူရဖွယ် ရှိနေသည်ဟု အင်္ဂလန် နည်းပြ ရွိုင်းဟော့ဒ်ဆန် ကပြောသည်။

လီဗာပူးလ် တိုက်စစ်မှူး စတူးရစ်ခ်ျ သည်မန်ယူနှင့် ကစား ခဲ့သောပွဲတွင်  ဒဏ်ရာရရှိ  ခဲ့ခြင်းဖြစ်ပြီး  လစ်သူယေးနီးယား၊ အီတလီတို့နှင့် ကစားရမည့် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်း မှလည်းနုတ် ထွက်ခဲ့ ရသည်။ အင်္ဂလန် လက်ရွေးစင် အသင်းတွင် အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး ၏ဒဏ်ရာကို ဓါတ်မှန် ရိုက်စစ်ဆေးရာတွင် တင်ပါးဆုံးကြွက်သား အနည်းငယ်စုတ်ပြဲ သွားကြောင်းတွေ့  ခဲ့ရသည်။  ၎င်းသည်ပေါင်  ဒဏ်ရာကြောင့် ငါးလကြာအနား ယူခဲ့ရ ပြီးပြန်က စားနိုင်သည်မှာ မကြာသေးသောကြောင့် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာသည် စတူးရစ်ခ်ျ ထပ်မံပြီး ကာလရှည်အနား မယူရစေ ရန်မျှော်လင့်နေသည်။

သို့သော်လည်း  ယင်းတိုက်စစ်မှူးမှာ ဧပြီ ၄ ရက်တွင်  အာဆင်နယ်နှင့် ကစားမည့်အရေး ပါသည့်ပွဲ၌ ပါဝင်ကစားရန် မရေမရာဖြစ် လာခဲ့သည်။ "စတူးရစ်ခ်ျ အ တွက် စိတ်ရှုပ် ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့သူ အင်္ဂလန်အသင်း ကိုလာရောက် ပူးပေါင်းစဉ်မှာ ဒဏ်ရာက ဘာပြဿနာ မှမရှိဘူး လို့ထင်ခဲ့လို့ပါ။

ဆေးစစ်ချက် ထွက်လာပြီးနောက်  မှာတော့ပြဿနာ  ကြီးဖြစ်သွားပြီး  အသင်းနဲ့ကစား လိုတဲ့သူ့ အတွက်လည်း ထိခိုက်ခဲ့ရတယ်"ဟု ရွိုင်းဟော့ဒ်ဆန် ကပြော ကြားခဲ့သည်။ လီဗာပူးလ်အသင်းမှာ လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သောအာဆင်နယ်နှင့်ပွဲတွင် ဂျရတ်နှင့်စကာတယ် တို့ကိုလည်းပွဲပယ်ပြစ်ဒဏ် များကြောင့် ထည့်သွင်း ကစားနိုင်မည် မဟုတ်ပေ။

Ref: Daily Mail
Mizzima

0 comments:

Post a Comment