Monday, March 16, 2015
လီဗာပူးလ်နှင့်ပွဲတွင် အခွင့်အရေးများ ဖြုန်းတီးမိခဲ့ခြင်းအတွက် ဆွမ်ဆီးမန်နေဂျာ ညည်းညူ
လီဗာပူးလ်နှင့်ပွဲတွင် အခွင့်အရေးများ ဖြုန်းတီးမိခဲ့ခြင်းအတွက် ဆွမ်ဆီးမန်နေဂျာ ညည်းညူ
လီဗာပူးလ်နှင့်ပွဲတွင် အသင်း၏ အခွင့်အရေး ဖြုန်းတီးမှုများအတွက် စိတ်ပျက်မိခဲ့ကြောင်း ဆွမ်ဆီးစီးတီး မန်နေဂျာ ဂယ်ရီမွန့်ခ်က ညည်းညူသွားခဲ့သည်။
၎င်းက မိမိတို့သည် အိမ်ကွင်း လေဘာတီတွင် အနိမ့်ဆုံး သရေရလဒ်နှင့် ထိုက်တန်ခဲ့ကြောင်း ပြောကြားခဲ့သလို လီဗာပူးလ်၏ ဒုတိယပိုင်း ကစားပုံသည် သိသိသာသာ တိုးတက်လာခဲ့ကြောင်းလည်း ဝန်ခံ မှတ်ချက်ပြုခဲ့သည်။ လီဗာပူးလ်သည် ယော်ဒန် ဟန်ဒါဆင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် ဆွမ်ဆီးကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင်တို့သည် လီဗာပူးလ်ကို လွှမ်းမိုး ဖိအားပေးနိုင်ခဲ့သော်လည်း ဂိုးသမား ဆိုင်မွန်မစ်ဂ်နိုလတ်၏ ဂိုးပေါက်ထဲ ဘောလုံးရောက်အောင် ပို့ဆောင်နိုင်ခဲ့ခြင်း မရှိချေ။ မွန့်ခ်၏ အသင်းသည် နှစ်ပွဲဆက် ရှုံးနိမ့်မှုအပြီးတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၉) နေရာထိ ရောက်ရှိသွားသည်။
မွန့်ခ်က “တကယ်တော့ ဒီပွဲမှာ ကျွန်တော်တို့ တစ်ခုခု ရယူနိုင်လောက်တဲ့ အခွင့်အရေးကောင်းတွေ ရှိခဲ့ပါတယ်”ဟု ဆိုသည်။ ၎င်းက “ပထမပိုင်း တစ်ပိုင်းလုံး ကျွန်တော်တို့ စူးစိုက်မှု အပြည့်နဲ့ ကစားခဲ့တယ်။ ဒါပေမဲ့ ဂိုးမရခဲ့ဘူး။ လီဗာပူးလ်ကိုတော့ အသိအမှတ် ပြုရပါမယ်။ သူတို့ဟာ ဒုတိယပိုင်းမှာ ကိုယ်ပိုင် အရည်အသွေးကောင်းတွေကို ထုတ်ပြသွားတယ်။ ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုးမျိုးကတော့ ကစားသမားတွေအတွက် လက်ခံဖို့ ခက်လွန်းပါတယ်။ ဒီလို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အခွင့်အရေး တစ်ကြိမ်၊ နှစ်ကြိမ်လောက် ရရင်တောင် ဂိုးသွင်းနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ ပိုကောင်းလာပြီး ကျွန်တော်တို့ရဲ့ ဘောလုံးပေးပို့မှုတွေကို ဖြတ်တောက်သွားနိုင်ခဲ့ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
မွန့်ခ်က “ဘာပဲဖြစ်ဖြစ် အနိမ့်ဆုံး ကျွန်တော်တို့ တစ်မှတ်လောက်တော့ ရခဲ့သင့်ပါတယ်။ ဒီပွဲမှာ ကျွန်တော့် ကစားသမားတွေရဲ့ စူးစိုက်မှုနဲ့ အားထုတ်မှုက အပျံစားပါပဲ။ တကယ်လို့ ပထမပိုင်း ပုံစံအတိုင်းသာ ပွဲတိုင်းကစားမယ်ဆိုရင် ဒီရာသီ အမှတ်တွေ အများကြီး ထပ်ပြီး ရယူနိုင်လောက်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment