Pages

Subscribe:

Saturday, March 28, 2015

အာစင်ဝင်းဂါးနှင့်ပြဿနာဖြစ်ခြင်း မရှိဟု ၀ဲလ်ကော့တ်ပြော



အာစင်ဝင်းဂါးနှင့်ပြဿနာဖြစ်ခြင်း မရှိဟု ၀ဲလ်ကော့တ်ပြော
Written by  ဝေဘုန်းလူ

လန်ဒန်၊ မတ် ၂၇။      ။  အာဆင်နယ်တောင်ပံ ကစားသမား သီယိုဝဲလ်ကော့တ်က နည်းပြ အာစင်ဝင်းဂါးနှင့်ပြဿနာ တစ်စုံတရာ မရှိကြောင်းနှင့် အသင်းနှင့် စာချုပ်ကိစ္စ ကိုဆွေးနွေးရခြင်း မရှိသေးကြောင်းပြောသည်။

ဝဲလ်ကော့တ် ၏လက်ရှိ စာချုပ်သည် ၂၀၁၆နွေရာသီ တွင်ကုန်ဆုံး မည်ဖြစ်ပြီး စာချုပ်သစ်ကိစ္စဆွေးနွေးမှုမှာ အချိန်ကြာမြင့်နိုင်သည်ဟု အာစင်ဝင်းဂါး ကပြော ကြားထားသည်။ "စာချုပ်သစ် အတွက်လစာ တိုးတောင်းတာတွေ၊ နည်းပြနဲ့အဆင် မပြေဘူးဆိုတော့ အားလုံးက မဟုတ်မ မှန်တဲ့ အကြောင်း အရာတွေပါ။

စာချုပ်သစ် ကိစ္စလည်း မဆွေးနွေး ရသေးပါဘူး။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်း အတွက်အကောင်း ဆုံးကစားပေးဖို့ကိုပဲ အာရုံစိုက် ထားပါတယ်" ဟုအသက် ၂၆ နှစ်အရွယ် ၀ဲလ်ကော့တ် ကပြောကြား ခဲ့သည်။

ဝဲလ်ကော့တ်သည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရ ရန်ခြောက်လ သာလိုအပ် ချိန်ရောက်မှ ၂၀၁၃ ဇန်န၀ါရီတွင် အသင်းနှင့် စာချုပ်သက် တမ်းတိုး ထားခဲ့သူဖြစ်သည်။ ၎င်းသည် ဆယ်လကြာ အနားယူခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကိုလွဲချော်စေ ခဲ့သည့် ဒူးဒဏ်ရာ မှပြန်ကောင်း လာပြီးနောက် လက်ရှိရာသီတွင် အာဆင်နယ် အတွက် ၁၃ ပွဲကစားပေး ထားသည်။

Ref: BBC

Mizzima

0 comments:

Post a Comment