Pages

Subscribe:

Friday, March 20, 2015

ယူရိုပါလိဂ်မှ ထွက်ခဲ့ရခြင်းမှာ မိမိ၏အမှားများကြောင့် သာဖြစ်သည်ဟု အင်တာမီလန်နည်းပြ မန်စီနီ ဆို



ယူရိုပါလိဂ်မှ ထွက်ခဲ့ရခြင်းမှာ မိမိ၏အမှားများကြောင့် သာဖြစ်သည်ဟု အင်တာမီလန်နည်းပြ မန်စီနီ ဆို
Written by  အောင်ငြိမ်းသွေး

အင်တာမီလန်အသင်းယူရိုပါလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းမှာမိမိ၏ အမှားများကြောင့်သာဖြစ်သည်ဟု နည်းပြမန်စီနီကပြောဆိုလိုက်သည်။ အင်တာမီလန်အသင်း သည် ဂျာမန်ကလပ်  ၀ုဖ်ဘတ်  အသင်းကို  အဝေး ကွင်းတွင် ၃-၁ ဂိုးဖြင့် ရှုံးခဲ့ပြီး  အိမ်ကွင်း  ဆန်စီရိုတွင်  ယှဉ်ပြိုင် ခဲ့သည့် ပွဲစဉ် ၌လည်း ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ ပြီးနှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ ရခြင်းဖြစ်သည်။

အင်တာမီလန်အသင်းအနေဖြင့် စီးရီးအေနှင့် ဥရောပတွင်အောင်မြင်မှုပြန်လည်ရ ရှိလိုပါကခံစစ်ပိုင်း ကိုပြုပြင်ရန် လိုအပ်ကြောင်း မန်စီနီ ကပြောသည်။ 'ခံစစ် ပိုင်းကို ခိုင်ခိုင်မာမာနဲ့ တည်ဆောက် ထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ ဂိုးတွေပေးရမှာ မဟုတ်ပါဘူး။ အရာရာ အားလုံးအတွက် ခံစစ်က အခြေခံ အကျဆုံးပါပဲ။
ဥရောပ ပြိုင်ပွဲတွေမှာ အခွင့် အရေးနှစ်ကြိမ် မပေးဘူးဆိုရင် ပထမမိနစ် ၂၀ အတွင်းမှာ ဂိုးပေး ရမှာ  မဟုတ်ပါဘူး။ ဒီညမှာ ရှုံးနိမ့်ခဲ့ တာကတော့ ကျွန်တော့်ရဲ့ အမှားတွေကြောင့် ပါပဲ' ဟု မန်စီနီက သတင်းထောက် များအား ပွဲအပြီး တွင်ပြောသည်။

ထို့အပြင် မန်စီနီက အသင်းကိုအော် ဟစ်လှောင်ပြောင်  ခဲ့ကြသည့်  ပရိသတ်များ၏ လုပ်ရပ်မှာ  မှန်ကန်ကြောင်းနှင့် ယူရိုပါလိဂ်မှ  ထွက်ခဲ့ရသည့် အတွက်ပရိ သတ်များ နည်းတူ စိတ်ပျက်ရကြောင်းပြောသည်။

'ကျွန်တော်တို့ရဲ့ ဥရောပခရီး အဆုံးသတ်က  တကယ်ကို မလှပခဲ့ပါဘူး။ ခရာမှုတ် သံတွေအော်ဟစ် သံတွေနဲ့ အသင်း ကိုလှောင်ပြောင် ခဲ့ကြတဲ့ ပရိသတ်တွေ မှန်ပါတယ်။ ကျွန်တော်တို့ ယူရိုပါလိဂ်က ထွက်ခဲ့ရပါပြီ အခု ပရိသတ်တွေရဲ့ စိတ်ရှည်သည်းခံ မှုနဲ့ထောက်ခံ အားပေးမှုကို ကျွန်တော်တို့ လိုအပ်နေပါတယ်။

အကောင်းဆုံးကြိုး စားခဲ့ပေမယ့် လုံလောက်မှု မရှိခဲ့ပါဘူး။ အားလုံး ကိုတောင်းပန်ပါတယ်' ဟု မန်စီနီ ကပြောသည်။

Ref: Goal.com

Mizzima

0 comments:

Post a Comment