Pages

Subscribe:

Wednesday, March 11, 2015

PSGသည် ယခုရာသီ ချယ်လ်ဆီး ကစားဖူးသမျှ အကြမ်းဆုံး ပြိုင်ဘက်ဟု မော်ရင်ဟို ဝေဖန်



PSGသည် ယခုရာသီ ချယ်လ်ဆီး ကစားဖူးသမျှ အကြမ်းဆုံး ပြိုင်ဘက်ဟု မော်ရင်ဟို ဝေဖန်

ယခုရာသီ ချယ်လ်ဆီး အသင်း ရင်ဆိုင်ဖူးသမျှ အသင်းများတွင် PSGသည် ကစားပုံ အကြမ်းဆုံး၊ အခက်ထန်ဆုံးဖြစ်ကြောင်း ဟိုဆေးမော်ရင်ဟိုက ဝေဖန် ပြောကြားလိုက်သည်။

ပထမအကျော့ ပြင်သစ်မြေတွင် တစ်ဂိုးစီ သရေကျထားပြီး စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ယနေ့ည ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ မကစားမီ ချယ်လ်ဆီး၏ ပေါ်တူဂီသား မန်နေဂျာက ယခုလို ပြောဆိုလာခြင်း ဖြစ်သည်။ မော်ရင်ဟိုက ပြင်သစ် ချန်ပီယံ အသင်း၏ လွန်လွန်ကျွံကျွံ ကာယအားပြု ကစားပုံကို ဝေဖန်ခဲ့သလို မိမိ၏ တောင်ပံကစားသမား အီဒင်ဟာဇက်ကို အလွန်အကျွံ ပစ်မှတ်ထား ဖျက်ထုတ်နေကြောင်း ဆိုသည်။ ၎င်းက “ပထမအကျော့တုန်းက ကျွန်တော် တော်တော်ကို အံ့ဩသွားတာ။ အကောင်းဆုံး ကစားသမားတွေ ရှိနေတဲ့ အသင်းတစ်သင်းဟာ လွန်လွန်ကျွံကျွံ ပြစ်ဒဏ် ကျူးလွန်နေတာလေ။ သူတို့ဟာ ပြစ်ဒဏ်တစ်ခါပြီး နောက်တစ်ခါ ထပ်လုပ်တယ်။ ဟာဇက်ကို တားဖို့အတွက် ပြစ်ဒဏ်ဘောတွေချည်း လုပ်နေတာပဲ”ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက “PSGဟာ ဘောလုံးကိုင်ကစားလေ့ရှိတဲ့ ကစားသမား နှစ်ယောက်၊ သုံးယောက်လောက်ကို ပစ်မှတ်ထားခဲ့တယ်။ တချို့ လုပ်ရပ်တွေက အရမ်း လွန်လွန်ကျွံကျွံ ဖြစ်နေတတ်ပါတယ်။ ဇလာတန် အီဘရာဟီမိုဗစ်လို ထူးချွန်တဲ့ တိုက်စစ်သမားတွေ ပါဝင်တဲ့ အသင်းကောင်း တစ်ခုဟာ တန်ပြန်တိုက်စစ်ကို တားဆီးဖို့ ဟာဇက်ကို နောက်က လိုက်ဖျက်ခဲ့တာမျိုးပါ။ မျှမျှတတ ပြောရရင် အင်္ဂလန် ကလပ်တစ်ခုဟာ ခပ်ကြမ်းကြမ်း ကာယအားပြု ကစားမှုမျိုးအတွက် ဘယ်တော့မှ တုန်လှုပ်လေ့ မရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ အားနဲ့မာန်နဲ့ ကစားကြတာပဲလေ။ လိဂ်တူးက ရှရူးဘယ်ရီလို အသင်းမျိုးနဲ့ တွေ့ခဲ့ဖူးတာပဲ။ ဒါပေမဲ့ PSGကတော့ ကျွန်တော်တို့ ကစားခဲ့သမျှ အကြမ်းဆုံး အသင်းပဲ။ တကယ်ဆို သူတို့လို အရည်အသွေးမျိုးနဲ့ အကြမ်းပတမ်း ကစားမှုကို လျှော့ပြီး ဘောလုံးကို ပညာနဲ့ ပိုကစားသင့်တာပါ”ဟု ဝေဖန်သွားသည်။

Soccer Myanmar

0 comments:

Post a Comment