Monday, March 16, 2015
ခြောက်လကြာ ဂိုးပေါက်ပျောက်နေမှုကို HAT-TRICKဂိုးများဖြင့် အဆုံးသတ်ခဲ့သည့် အော်ရီဂီ
ခြောက်လကြာ ဂိုးပေါက်ပျောက်နေမှုကို HAT-TRICKဂိုးများဖြင့် အဆုံးသတ်ခဲ့သည့် အော်ရီဂီ
လိုင်လီအသင်းတွင် အငှားကစားနေသည့် လီဗာပူးလ် တိုက်စစ်မှူး ဒီဗော့ခ် အော်ရီဂီသည် (၆)လကြာ ဂိုးပေါက် ပျောက်ဆုံးနေမှုကို Hat-Trick သွင်းဂိုးများဖြင့် အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။
လိုင်လီက ရိန်းစ်ကို (၃-၀)ဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား အဋ္ဌမ နေရာသို့ တက်ရောက်နိုင်ခဲ့သည့် လီဂူးဝမ်း ပွဲစဉ်တွင် ဘယ်လ်ဂျီယံ လူငယ်တိုက်စစ်မှူးလေးက တစ်ဦးတည်း သုံးဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။ အော်ရီဂီကို နွေရာသီ ဈေးကွက်တွင် လီဗာပူးလ်က ခေါ်ယူခဲ့သော်လည်း အသင်းတွင် မကစားစေဘဲ လိုင်လီတွင် တစ်ရာသီ ပြန်လည် အငှားချထားခြင်း ဖြစ်သည်။ ၎င်းသည် လိုင်လီတွင် ဂိုးမသွင်းနိုင်သည်မှာ နှစ်ဝက်မျှ ကြာမြင့်သွားခဲ့သော်လည်း ရိန်းစ်နှင့်ပွဲတွင် ခြေစွမ်းပြပြီး Hat-Trick ရယူသွားခြင်း ဖြစ်သည်။
ရိန်းစ်အသင်းသည် ပွဲအစပိုင်းတွင် အခွင့်အရေးကောင်းများ ရရှိသော်လည်း လက်လွှတ်ခဲ့ရသည့်နောက် အိမ်ရှင် အသင်း၏ လွှမ်းမိုးမှုအောက် ကျရောက်သွားခဲ့သည်။ အော်ရီဂီသည် ပြိုင်ဘက် ခံစစ်မှူး ဖော်လူ ဒီယက်ဂ်နီ၏ အားနည်းချက်ကို အခွင့်အရေးယူကာ (၃၈)မိနစ်တွင် ဂိုးစသွင်းပြီး (၆၃)မိနစ်တွင် နိုလန်ရော့စ်၏ ထောင့်ဖြတ်ဘောကို ပိတ်သွင်းကာ ဒုတိယဂိုး ရခဲ့သည်။ နောက်ထပ် (၁၀)မိနစ် အကြာတွင်မူ ၎င်း၏ Hat-Trick ဘွဲ့ခံ သွင်းဂိုးကို ရရှိသွားခဲ့သည်။ ရိန်းစ်သည် (၄၉)မိနစ်တွင် အိုလာ တွိုင်ဗိုနန်၏ လှပသော ချေပဂိုးတစ်ဂိုး ရရှိခဲ့သော်လည်း ဒိုင်လူကြီးက လူကျွံဘောအဖြစ် မှားယွင်း ဆုံးဖြတ်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment