Pages

Subscribe:

Tuesday, March 24, 2015

ချယ်လ်ဆီးကို ကျော်တက်ပြီး ချန်ပီယံဆုကို အာဆင်နယ် မျှော်လင့်နိုင်ဆဲဟု ရမ်ဆေးယုံကြည်နေ



ချယ်လ်ဆီးကို ကျော်တက်ပြီး ချန်ပီယံဆုကို အာဆင်နယ် မျှော်လင့်နိုင်ဆဲဟု ရမ်ဆေးယုံကြည်နေ

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အာဆင်နယ် အနေဖြင့် အလျှော့ပေးဦးမည် မဟုတ်ကြောင်း ကွင်းလယ် ကစားသမား အာရွန်ရမ်ဆေးက ပြောကြားလိုက်သည်။

ချယ်လ်ဆီးသည် အမှတ်ပေးဇယားကို အားကောင်းကောင်း အနေအထား တစ်ရပ်ဖြင့် ဦးဆောင်နေသည့်တိုင် တတိယ နေရာမှ အာဆင်နယ် အနေဖြင့် လန်ဒန်ပြိုင်ဘက်များကို ဖြတ်ကျော်နိုင်စွမ်း ရှိနေဆဲဟု ရမ်ဆေးက ယုံကြည်နေသည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် (၆)ပွဲဆက် အနိုင်ရရှိထားပြီးနောက် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီးတို့နှင့် အကြိတ်အနယ် အားပြိုင်လျက် ရှိသည်။ ချယ်လ်ဆီးသည် အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားပြီး (၇)မှတ် အသာဖြင့် ရပ်တည်နေသည့်တိုင် ဝေလ လက်ရွေးစင် ရမ်ဆေးက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဖြေမပေါ်သေးဟု ယူဆထားသည်။

၎င်းက “ကျွန်တော်တို့ အနေနဲ့ ကိုယ့်စွမ်းဆောင်ရည်အပေါ် ကိုယ့်ဖာသာ အာရုံစိုက်ထားရပါမယ်။ ကျွန်တော်တို့ အသင်းဟာ ပြိုင်ဘက်တွေ အံ့ဩ စိတ်ပျက်သွားအောင် လုပ်နိုင်စွမ်း ရှိနေဆဲပါ။ အာဆင်နယ်ဟာ လက်ကျန်ပွဲစဉ် အားလုံးကို အနိုင်ရဖို့ ကြိုးစားရပါမယ်။ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းက ဘယ်ပြိုင်ဘက်ကိုမဆို ရှုံးသွားနိုင်ခြေ ရှိနေတာပါ။ ဒါကြောင့် အရေးကြီးတာက ကျွန်တော်တို့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းပြီး အကောင်းဆုံး ဖြတ်သန်းနေဖို့ပါပဲ။ တစ်ခါတစ်လေ ထူးထူးဆန်းဆန်း အရာတွေ ဖြစ်ပျက်လာတတ်ပါတယ်”ဟု ပြောဆိုသွားသည်။

အာဆင်နယ်သည် လာမည့်ပရီးမီးယားလိဂ် ပွဲစဉ်တွင် အိမ်ကွင်း အမ်းမရိတ်စ်၌ လီဗာပူးလ်ကို ပွဲကျပ်အဖြစ် ဧည့်ခံ ကစားရမည် ဖြစ်သည်။ အကယ်၍ အာဆင်နယ်ကို လီဗာပူးလ်က အရေးနိမ့်သွားပါက မန်နေဂျာ ဘရန်ဒန် ရော့ဂျာ၏ အသင်းသည် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်အတွက် အကျပ်အတည်း ကြီးမားစွာ ကြုံလာရမည့် အလားအလာလည်း ရှိနေသည်။

Soccer Myanmar

0 comments:

Post a Comment