Pages

Subscribe:

Saturday, March 28, 2015

ပရီးမီးယားလိဂ်ကို ဘာကလေဘဏ် စပွန်ဆာပေးတော့မည် မဟုတ်



ပရီးမီးယားလိဂ်ကို ဘာကလေဘဏ် စပွန်ဆာပေးတော့မည် မဟုတ်
Written by  အောင်ငြိမ်းသွေး

အင်္ဂလန်၊ မတ် ၂၇။       ။ ဘာကလေ ဘဏ်သည် ပရီးမီးယား  လိဂ်ပြိုင်ပွဲကို   ဆက်လက် စပွန်  ဆာပေးတော့မည် မဟုတ်ကြောင်းဒေး လီးမေးလ် သတင်းစာ ကဖော်ပြ ခဲ့သည်။  ဘာကလေဘဏ်သည်  ပရီးမီးယား လိဂ်ပြိုင်ပွဲကို ၂၀၀၁ ခုနှစ်က တည်းက စတင်စပွန်ဆာပေး ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စာချုပ်မှာ ၂၀၁၅-၁၆ ရာသီအပြီးတွင် ကုန်ဆုံး မည်ဖြစ်သည်။

နောက်ဆုံး စပွန်ဆာစာချုပ်ကို ၂၀၁၂ ခုနှစ်က ချုပ်ဆိုထားခြင်းဖြစ်ပြီး တစ်နှစ်လျှင်ပေါင်သန်း ၄၀ တန်ဖိုးဖြင့်သုံးနှစ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် မတိုင်မီ ချုပ်ဆိုခဲ့သည့် ယခင်စာချုပ် တန်ဖိုးမှာပေါင် ၈၂ သန်းသာ ရှိပြီး ၅၀ ရာခိုင်နှုန်းနီးပါး တိုးမြင့် သွားခြင်းဖြစ်သည်။

ပရီးမီးယား လိဂ်ပြိုင်ပွဲသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး sky, BT စသည့် ရုပ်သံလိုင်း များဖြင့် ရုပ်သံ  စာချုပ်သစ် ထပ်မံချုပ် ဆိုမည်ဖြစ်ရာ  ထိုစာချုပ်သစ် တန်ဖိုး မှာပေါင် ၅.၁ ဘီလီယံ တန်ဖိုးရှိသည်။ ထို့ကြောင့် ပြိုင်ပွဲ၏ စပွန်ဆာကြေး မှာလည်း ထပ်မံမြင့် တက်လာဦး မည်ဖြစ်သည်။

ဘာကလေ ဘဏ်သည် ပရီးမီးယား လိဂ်ပြိုင်ပွဲကို စပွန်ဆာပေး လာသည်မှာ ၁၅ နှစ်ရှိ ပြီဖြစ်သော်လည်း  ဆက်လက်ပြီး စပွန်ဆာစာချုပ် မချုပ်ဆို ရန်ဆုံးဖြတ် ထားခြင်းဖြစ်သည်။

လက်ရှိ အချိန်တွင် ပရီးမီးယား  လိဂ်ပြိုင်ပွဲကို ကမ္ဘာ တစ်ဝှမ်းလုံး ရှိနိုင်ငံပေါင်း ၁၇၅နိုင်ငံမှ  ပရိသတ်ပေါင်း  သန်း ၆၅၀ ကကြည့်ရှု လျက်ရှိသည်။ ထိုကဲ့သို့တစ် ကမ္ဘာလုံးကို ဆွဲဆောင်ထားနိုင်သော်လည်း ဘာကလေဘဏ်သည် ကုမ္ပဏီ၏နာမည်ကို ပိုမိုလူသိ များအောင်မြင်စေရန် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင် သွားရန် ဆုံးဖြတ် ထားသည်။ အာရှနှင့် အာဖရိကတွင် လုပ်ငန်းစဉ်များကို အသေးစိတ် လုပ်ဆောင် သွားရန် ရည်ရွယ် ထားသည်။

Mizzima

0 comments:

Post a Comment