Pages

Subscribe:

Wednesday, March 18, 2015

ယူနိုက်တက်ကို ရင်ဆိုင်ရာတွင် ကစားကွက် ခိုင်မာရန် အရေးကြီးကြောင်း မစ်ဂ်နိုလတ် သတိပေး



ယူနိုက်တက်ကို ရင်ဆိုင်ရာတွင် ကစားကွက် ခိုင်မာရန် အရေးကြီးကြောင်း မစ်ဂ်နိုလတ် သတိပေး

မန်ချက်စတာ ယူနိုက်တက်ကို ရင်ဆိုင်ရာတွင် အသင်း၏ ကစားကွက် တည်ဆောက်မှု ပြိုလဲမသွားအောင် သတိပြုရန် လိုအပ်ကြောင်း လီဗာပူးလ် ဂိုးသမား ဆိုင်မွန် မစ်ဂ်နိုလတ်က အသင်းဖော်များအား သတိပေး ပြောကြားခဲ့သည်။

လီဗာပူးလ်သည် ဘောလုံးရာသီ အစပိုင်းက ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့သလို ဘယ်လ်ဂျီယံ လက်ရွေးစင် မစ်ဂ်နိုလတ်သည်လည်း အမှားအယွင်းများကြောင့် ဝေဖန်ခံခဲ့ရသည်။ ခရစ္စမတ် ကာလတွင် လီဗာပူးလ်သည် ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်တွင် (၃-၀)ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်း တစ်စထက်တစ်စ ခြေမှန်လာကာ နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ် (၁၂)ပွဲတွင် (၃၂)မှတ်ထိ ရယူနိုင်ခဲ့သည်။ လီဗာပူးလ်နှင့် ယူနိုက်တက်တို့သည် အမှတ်ပေးဇယားတွင် ရှေ့ဆင့်နောက်ဆင့် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေကြသည့် ပြိုင်ဘက်များဖြစ်ကာ ယခုလာမည့် တနင်္ဂနွေနေ့တွင် အန်းဖီးလ်၌ ဒုတိယအကျော့ ပြန်ဆုံမည် ဖြစ်သည်။

မစ်ဂ်နိုလတ်က ခါးသီး အစဉ်အလာပြိုင်ဘက်နှင့် ရင်ဆိုင်ရာတွင် လီဗာပူးလ်၏ အခြေခံ ကစားကွက်ကို ပျက်ယွင်းမသွားအောင် ထိန်းသိမ်းထားရန် အကြံပြုခဲ့သည်။ “အခင်းအကျင်း ကဏ္ဍဟာ သိပ်ကို တာဝန်ကြီးတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ ဒီအခြေအနေတွေကနေ ရှောင်ထွက်လို့ မရပါဘူး။ ကျွန်တော်တို့ဟာ နေရာတိုင်းမှာ အပြိုင်အဆိုင် ကြိုးစားနေတဲ့ လူစာရင်းတစ်ခု ရှိပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားအားထုတ်နေပြီး ဒီလိုပွဲစဉ်မျိုးကနေ (၃)မှတ် ရယူနိုင်ရင် ပိုပြီး ကျေနပ်စရာ ဖြစ်မှာပါ”ဟု မစ်ဂ်နိုလတ်က ပြောကြားခဲ့သည်။

လီဗာပူးလ်သည် (၂၀၁၅)ခုနှစ်အတွင်း ပရီးမီးယားလိဂ်၌ ရှုံးပွဲ မရှိသေးဘဲ ဒီဇင်ဘာလ အတွင်းက အမှတ်ပေးဇယား ဒုတိယ နေရာမှ မန်ချက်စတာ စီးတီးနှင့် (၁၇)မှတ် ကွာဟနေရာမှ ယခုအခါ (၄)မှတ်သာ ကွာဟတော့သည်အထိ လျှော့ချနိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment