Pages

Subscribe:

Tuesday, March 24, 2015

ချယ်လ်ဆီး၏ စိတ်ဓာတ်ပိုင်း အားကောင်းမှုကို တယ်ရီချီးကျူး



ချယ်လ်ဆီး၏ စိတ်ဓာတ်ပိုင်း အားကောင်းမှုကို တယ်ရီချီးကျူး

ဟူးလ်စီးတီးကို ချေပဂိုးများ မြန်မြန်ဆန်ဆန် ခွင့်ပြုလိုက်ရသည့် အခြေအနေမှ အနိုင်ရအောင် အားထုတ် ကစားနိုင်ခဲ့သည့် ချယ်လ်ဆီး၏ စိတ်ဓာတ်ပိုင်းကို အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ချီးကျူးစကား ပြောဆိုလိုက်သည်။

ချယ်လ်ဆီးသည် ဟူးလ်အသင်း၏ အိမ်ကွင်းတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နေပြီးမှ နှစ်မိနစ်အတွင်း နှစ်ဂိုးခွင့်ပြုလိုက်ပြီး ပထမပိုင်း အပြီးတွင် သရေကျနေခဲ့သည်။ သို့သော်လည်း ဒုတိယပိုင်းတွင် လူစားဝင် တိုက်စစ်မှူး လွိုက်ရိုင်မီ၏ သွင်းဂိုးကြောင့် လန်ဒန် ကလပ်အနေဖြင့် အဝေးကွင်း၌ အဖိုးတန် (၃)မှတ် ရရှိခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ချယ်လ်ဆီးသည် အမှတ်ပေးဇယားတွင် ဒုတိယ နေရာမှ မန်ချက်စတာ စီးတီးထက် တစ်ပွဲလျော့ ကစားပြီး (၆)မှတ် အသာဖြင့် ဆက်လက် ဦးဆောင်နေပြီ ဖြစ်သည်။

တယ်ရီက “ကျွန်တော်တို့ဟာ အိမ်ကွင်းမှာ စိတ်ပျက်စရာ အခြေအနေတစ်ရပ် ကြုံထားခဲ့သလို ချန်ပီယံလိဂ်ကလည်း ထွက်ခွာခဲ့ရတယ်။ ဒီအခြေအနေမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ဖို့က တကယ့်ကို အားကောင်း ထက်သန်တဲ့ စိတ်ဓာတ်ခွန်အားမျိုး လိုပါတယ်။ ချယ်လ်ဆီးရဲ့ အဝတ်လဲခန်းထဲမှာ ဒီအငွေ့အသက်တွေ ပြည့်နှက်နေတယ်။ ပြီးတော့ အတွေ့အကြုံပိုင်း အားကောင်းမှုတွေကလည်း ခံစားမိနေစေတယ်။ လူငယ် ကစားသမားတွေက အစပဲ ဆိုပါတော့။ နှစ်ပတ်လောက်အတွင်း စိတ်မကျေနပ်စရာတွေ ရှိခဲ့ပေမယ့် အခုလို နိုးကြားလာပုံကတော့ ခမ်းနားလွန်းပါတယ်”ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar


0 comments:

Post a Comment