Pages

Subscribe:

Monday, March 23, 2015

အနီကတ်အတွက် ထိုက်တန်ကြောင်း ဂျရတ်ဝန်ခံ ~ အသင်းဖော်နှင့် ပရိသတ်များကို တောင်းပန်စကားဆို



အနီကတ်အတွက် ထိုက်တန်ကြောင်း ဂျရတ်ဝန်ခံ ~ အသင်းဖော်နှင့် ပရိသတ်များကို တောင်းပန်စကားဆို

မိမိ၏ အမှားကြောင့် အနီကတ်ပြသ ထုတ်ပယ် ခံရခြင်း အတွက် လီဗာပူးလ် ပရိသတ်များနှင့် အသင်းဖော်များကို တောင်းပန်လိုကြောင်း စတီဗင်ဂျရတ်က ဖွင့်ဟသွားသည်။
လီဗာပူးလ်၏ ဝါရင့် အသင်းခေါင်းဆောင်သည် ဒုတိယပိုင်း အစတွင် အဒမ်လယ်လာနာ အစား လူစား ဝင်ရောက်ခဲ့သော်လည်း တစ်မိနစ် မပြည့်မီမှာပင် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အန်ဒါ ဟာရဲရာ၏ ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့သဖြင့် ဒိုင်လူကြီး မာတင် အက်ကင်ဆန်က ၎င်းကို တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ ထို့ကြောင့် လီဗာပူးလ်သည် ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့ အနေအထားဖြင့် ကစားခဲ့ရပြီး ခါးသီး အစဉ်အလာ ပြိုင်ဘက်များကို အန်းဖီးလ်တွင် (၂-၁)ဖြင့် အရေးနိမ့်ခဲ့သည်။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက်သည် ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် လီဗာပူးလ်ကို (၅)မှတ်ထိ ဖြတ်ထားနိုင်ပြီ ဖြစ်သည်။
ယခုအခါ သုံးပွဲပယ် ပြစ်ဒဏ်နှင့် ကြုံနေရပြီဖြစ်သော ဂျရတ်က ဒိုင်လူကြီး အက်ကင်ဆန်၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ဝန်ခံခဲ့သည်။ “ကျွန်တော့် အသင်းဖော်တွေနဲ့ ပရိသတ်တွေကို စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ ဒီအတွက် ကျွန်တော် အပြည့်အဝ တာဝန်ယူရမှာပါ။ ဒါကို ကျွန်တော် လက်ခံဖို့ လိုပါတယ်။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပါတယ်”ဟု ပွဲအပြီးတွင် ဂျရတ်က Sky Sportsသို့ ပြောကြားခဲ့သည်။ ၎င်းက “ဒါမျိုး အပြုအမူ လုပ်မိလောက်အောင် လုံလောက်တဲ့ အချိန်မျိုးလောက် ကျွန်တော် ကွင်းထဲမှာ ရှိနေခဲ့ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်သွားရတယ် ဆိုတာကို ကျွန်တော်လည်း မပြောတတ်ဘူး။ တစ်ဖက်က ဖျက်ထုတ်မှုအတွက် တုံ့ပြန်လိုက်မိတာ ဖြစ်နိုင်ပါတယ်။ ဒီထက်ပိုပြီးလည်း ကျွန်တော် မပြောသင့်ဘူး။ ဒီကို ကျွန်တော် ရောက်လာတာ အဝတ်လဲခန်းထဲက အသင်းဖော်တွေနဲ့ ပရိသတ်တွေကို တောင်းပန်ဖို့ ဖြစ်ပါတယ်”ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment