Pages

Subscribe:

Thursday, March 19, 2015

အိုဒီဂါ့ဒ်ကို အငှား ခေါ်ယူရန် ဆောက်သမ်တန် စိတ်ဝင်စားနေ



အိုဒီဂါ့ဒ်ကို အငှား ခေါ်ယူရန် ဆောက်သမ်တန် စိတ်ဝင်စားနေ

ဆောက်သမ်တန် အသင်းသည် ရီးယဲလ်မက်ဒရစ်၏ တက်သစ်စ ကြယ်ပွင့် ကစားသမားလေး မာတင် အိုဒီဂါ့ဒ်ကို အငှားခေါ်ယူနိုင်ရန် လိုလားနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ဆောက်သမ်တန် မန်နေဂျာ ရော်နယ်လ်ကိုးမန်းသည် ဒိန်းမတ် လူငယ်ခြေတက်လေး၏ စွမ်းဆောင်ရည်ကို ကင်းထောက်များ စေလွှတ်ပြီး လေ့လာစေ ခဲ့သည်။ အသက်(၁၆)နှစ်သာ ရှိသေးသည့် အိုဒီဂါ့ဒ်သည် အဆိုပါ အသက် အရွယ်နှင့်ပင် ဒိန်းမတ် လက်ရွေးစင် အဆင့်တွင် ကိုယ်စားပြု ပါဝင်နေပြီ ဖြစ်သည်။ မကြာသေးမီကမှ ရီးယဲလ်နှင့် စာချုပ်ဖြစ်ခဲ့သည့် ကစားသမားလေးသည် လတ်တလောတွင် ရီးယဲလ် အရန်အသင်း၌ ကစားလျက် ရှိသည်။ ကိုးမန်းသည် လာမည့် နွေရာသီ ဈေးကွက်တွင် အိုဒီဂါ့ဒ်ကို ချဉ်းကပ်ပြီး တစ်ရာသီ အငှားခေါ်ယူနိုင်ရန် လိုလားနေသည်။

ဘောလုံးပညာ ပြည့်ဝပြီး အလိမ်အခေါက် အထိန်းအသိမ်း ကျွမ်းကျင်သည့် ကစားသမားလေးသည် ဇန်နဝါရီ ဈေးကွက်တွင် စထရွမ်ဂေါ့ဆက်မှ ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့သည်။ လီယွန်နယ်မက်ဆီ လက်သစ်ဟု တင်စားခံရသည့် အိုဒီဂါ့ဒ်ကို မန်ချက်စတာစီးတီး၊ ဘိုင်ယန်မြူးနစ်၊ အေဂျက်စ်အမ်စတာဒမ်၊ ဘာစီလိုနာတို့က ချိတ်ဆက်ခဲ့သေးသော်လည်း ကစားသမား ကိုယ်တိုင်ကမူ ဘာနေဗျူးကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အိုဒီဂါ့ဒ်သည် ရီးယဲလ် အရန်အသင်းတွင် (၆)ပွဲကစား (၁)ဂိုးသာ သွင်းယူရသေးသော်လည်း အသင်းအတွက် ပွဲချိန်ပြည့် ကစားဖူးသည်မှာလည်း (၁)ပွဲသာ ရှိသေးသည်။

Soccer Myanmar

0 comments:

Post a Comment