Pages

Subscribe:

Saturday, March 28, 2015

သားဖြစ်သူမှ အတုခိုးပြီး လိုက်လုပ်နေ၍ အလဲထိုးခံရ သည့်အောင်ပွဲခံ ဟန်ပြုလုပ်တော့ မည်မဟုတ်ဟု ရွန်နီဆုံးဖြတ်



သားဖြစ်သူမှ အတုခိုးပြီး လိုက်လုပ်နေ၍ အလဲထိုးခံရ သည့်အောင်ပွဲခံ ဟန်ပြုလုပ်တော့ မည်မဟုတ်ဟု ရွန်နီဆုံးဖြတ်
Written by  ဝေဘုန်းလူ

မန်ချက်စတာ၊ မတ် ၂၇။    ။ အလဲထိုးခံ ရပြီးလဲကျသွား သည့်ဟန်ပန်ကို  သားဖြစ်သူ ကိုင်  ကကျောင်းတွင် အတုခိုးပြီး လိုက်လုပ်နေ သဖြင့်နောင် တွင်ယင်း သို့အောင်ပွဲ ခံတော့မည် မဟုတ်ဟု မန်ယူတိုက်စစ်မှူးရွန်နီ ကပြောကြား လိုက်သည်။

မတ်လ အစောပိုင်းတွင် ရွန်နီ သည်မန်ယူ အသင်းဖော်ဟောင်း၊ လက်ရှိ စတုတ်နောက်ခံ လူဘတ်စလေနှင့် ၎င်း၏မီးဖိုချောင်အတွင်း လက်ဝှေ့ ထိုးသတ် ပြီးအ လဲထိုးခံလိုက် ရသည့်ဗီဒီယို ဖိုင်ပေါ် ထွက်ခဲ့သည်။

စပါးနှင့် ကစားခဲ့သည့် ပွဲတွင်ရွန်နီ သည်ဂိုးသွင်း ပြီးနောက်လေ ထဲသို့  လက်သီးထိုး  သည့်ဟန်၊ အလဲထိုးခံ ရသဖြင့်လဲကျ သွားသည့် ဟန်ဖြင့်အောင် ပွဲခံခဲ့ပြီး ယင်းအပြုအမူ အတွက်တောင်းပန် မည်မဟုတ်သော် လည်းနောင်တွင် ထပ်မံပြု လုပ်တော့မည် မဟုတ်ကြောင်းပြော ကြားလိုက်သည်။

"ကျွန်တော့်ဇနီး ကကျောင်းကို သွားကြိုချိန်မှာ စာသင်ခန်းထဲမှာ ကိုင် ကအဲဒီလို လုပ်ပြနေ တာတွေ့ခဲ့ ရပါတယ်။ ကျွန်တော့် ရဲ့အဲဒီလိုအောင် ပွဲခံပုံမျိုး ကိုထပ် မတွေ့စေ ရဘူးလို့ အာမခံပါတယ်။ ကျွန်တော်က လက်ဝှေ့အားကစားကို အမြဲသဘော ကျတယ်။ ကံမကောင်းတာက အဲဒါဟာ တစ်ခါတရံမှာ အလွန် အကျွံဆို ရင်မကောင်း ပါဘူး။ ကျွန်တော့် ရဲ့အောင်ပွဲ ခံပုံဟာ ကိစ္စကြီးတစ် လို့မမြင်ပါဘူး။ နည်းပြကို လည်းပြော ပြီးပါပြီ။  သူကလည်း ကိစ္စကြီးတစ်ရပ် လို့မမြင် ပါဘူး။ ဒီကိစ္စကမှားယွင်းခဲ့တယ်လို့ခံစားရရင်တောင် ကျွန်တော်ပြန်တောင်းပန် မှာမဟုတ်ပါဘူး။ ကျွန်တော့်အတွက်ကတော့ အဲဒီကိစ္စက ပြီးသွားပါပြီ"ဟု ရွန်နီကပြော ကြားခဲ့သည်။

Ref: Daily Mail

Mizzima

0 comments:

Post a Comment