Pages

Subscribe:

Thursday, March 26, 2015

ဝုလ်ဖ်ဘာ့ဂ်တွင် ခြေစွမ်းပြနေသည့် ဒီဘရုမ်းကို ဘိုင်ယန် စိတ်ဝင်စားနေ



ဝုလ်ဖ်ဘာ့ဂ်တွင် ခြေစွမ်းပြနေသည့် ဒီဘရုမ်းကို ဘိုင်ယန် စိတ်ဝင်စားနေ

ဘိုင်ယန်မြူးနစ် အသင်းသည် ဝုလ်ဖ်ဘာ့ဂ် တောင်ပံတိုက်စစ်သမား ကီဗင်ဒီဘရုမ်းကို ကမ်းလှမ်းခေါ်ယူရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

Sport Bild သတင်းစာက ဂျာမန်ချန်ပီယံ အသင်းသည် ဘွန်းဒစ်လီဂါ၏ လက်ရှိ ခြေစွမ်း အထက်ဆုံး ကစားသမား တစ်ဦးအဖြစ် ရပ်တည်နေသည့် ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် ပေါင်စတာလင် (၃၅)သန်းထိ အသုံးပြု ကမ်းလှမ်းသွားရန် အသင့်ရှိနေကြောင်း ဖော်ပြခဲ့သည်။ ဒီဘရုမ်းသည် ချယ်လ်ဆီးတွင် မအောင်မြင်ခဲ့သည့်နောက် ဝုလ်ဖ်ဘာ့ဂ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပြီး တောက်လျှောက် ခြေစွမ်းပြလျက် ရှိသည်။ ယင်းအခြေအနေက ဘိုင်ယန်၏ အာရုံကို ဆွဲဆောင်လာနိုင်ခဲ့သည်။

ဒီဘရုမ်း၏ စာချုပ်သည် (၂၀၁၉)ထိ သက်တမ်းကျန်ရှိနေဆဲ ဖြစ်သည်။ ၎င်းသည် ဝုလ်ဖ်ဘာ့ဂ်တွင် (၂၆)ပွဲ ကစားကာ (၉)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၇)ကြိမ်ထိ ပြုလုပ်ပြထားသည်။ ဘိုင်ယန်နည်းပြ ဂျိုးဆက် ဂွာဒီယိုလာသည် (၂၀၁၇)ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အာယန်ရော်ဘန်၏ နေရာကို ရေရှည်ဆက်ခံရန် ကစားသမားသစ် တစ်ဦးကို ရှာဖွေနေရာ အသက်(၂၃)နှစ်ရှိ ဒီဘရုမ်းသည် အဓိက ပစ်မှတ်သဖွယ် ဖြစ်လာသည်။ Sport Bild၏ အဆိုအရ ဘိုင်ယန်သည် (၂၀၁၆)ခုနှစ်၊ နွေရာသီထိ ဒီဘရုမ်း၏ အခြေအနေကို စောင့်ကြည့်နေပြီး ထို့နောက်တွင်မှ ကမ်းလှမ်းမှု စတင်ပြုလုပ်သွားဖွယ် ရှိနေကြောင်း သိရှိရသည်။

Soccer Myanmar

0 comments:

Post a Comment