Pages

Subscribe:

Sunday, March 29, 2015

ကြံ့ခိုင်မှု မပြည့်ဝသောကြောင့် မက်ဆီကို အရန်ခုံတွင် ချန်ထားခဲ့ရခြင်း ဖြစ်ကြောင်း မာတီနီု ပြောကြား



ကြံ့ခိုင်မှု မပြည့်ဝသောကြောင့် မက်ဆီကို အရန်ခုံတွင် ချန်ထားခဲ့ရခြင်း ဖြစ်ကြောင်း မာတီနီု ပြောကြား

အယ်လ်ဆာဗေဒေါကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခြေစွမ်းပွဲတွင် လီယွန်နယ်မက်ဆီကို အရန်ခုံတွင် ချန်ထားခဲ့ရခြင်းမှာ ပွဲကစားရန် ကြံ့ခိုင်မှု မပြည့်ဝခြင်းကြောင့် ဖြစ်ကြောင်း အာဂျင်တီးနား နည်းပြ ဂါရတ်ဒို မာတီနိုက ပြောကြားလိုက်သည်။

ဘာစီလိုနာ ကြယ်ပွင့် ကစားသမားသည် ယခုရက်သတ္တပတ်က ခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ကြာသပတေးနေ့က လေ့ကျင့်ရေးကွင်းတွင် ဘေးထိုင်နေခဲ့ရသော်လည်း အမေရိကန်တွင် ကစားရမည့် ပွဲ၌ ပြန်လည်သက်သာလာမည်ဟု ထင်မြင်ခဲ့ကြသည်။

သို့သော်လည်း အသက် ၂၇ နှစ်အရွယ် ကစားသမားသည် အယ်လ်ဆာဗေဒေါကို အနိုင်ရခဲ့သည့်ပွဲတွင် အရန်ခုံ၌သာ အချိန်ကုန်ဆုံးခဲ့ရသည်။

ထို့နောက် မာတီနိုက “ပထမနေ့မှာ မက်ဆီက ကောင်းကောင်း လေ့ကျင့်နိုင်ခဲ့ပါတယ်။ ဒုတိယနေ့မှာတော့ သူဒဏ်ရာရခဲ့ပြီး တတိယနေ့မှာတော့ လေ့ကျင့်ခန်း မလုပ်နိုင်ခဲ့ပါဘူး။ ပရိသတ်တွေရဲ့ ဆန္ဒကို ကျွန်တော်တို့ နားလည်ပေမယ့် သူက တကယ့်ကို ပွဲကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝခဲ့တာပါ။ ဒါကို ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုပါတယ်။ လူတွေက သူကစားတာကို ကြည့်ချင်ကြပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုအရ ကစားဖို့ မဖြစ်နိုင်ခဲ့ပါဘူး” ဟု မာတီနိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး အာဂျင်တီးနားနှင့် ပွဲထွက်ကစားပြီး ဂိုးသွင်းယူခဲ့သည့် အင်ဒီပန်းဒန့် ကွင်းလယ်တောင်ပံ ကစားသမား မန်ကူရယ်လိုကို မာတီနိုက ချီးကျူးခဲ့သည်။
“အသင်းရဲ့ ကစားပုံ နည်းစနစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဖက်ဒရစ်ကိုနဲ့ ဆွေးနွေးခဲ့ပါတယ်။ သူက ထက်မြက်တဲ့ ကစားသမားတစ်ယောက်ပါ။ အခုလို သူဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်” ဟု မာတီနိုက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment