Pages

Subscribe:

Thursday, March 19, 2015

ဒေါ့တ်မန် အိမ်ကွင်း ပရိသတ်၏ လှောင်ပြောင်မှုကို ဟမ်မဲလ်စ် ဝေဖန်



ဒေါ့တ်မန် အိမ်ကွင်း ပရိသတ်၏ လှောင်ပြောင်မှုကို ဟမ်မဲလ်စ် ဝေဖန်

ဂျူဗင်းတပ်စ်ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသည့် ပွဲစဉ်တွင် အိမ်ကွင်း ပရိသတ်၏ လှောင်ပြောင်မှုများကို ဘိုရပ်ရှားဒေါ့တ်မန် ခံစစ်မှူး မတ်စ်ဟမ်မဲလ်က ဝေဖန်ပြစ်တင်သွားခဲ့သည်။

ဒေါ့တ်မန် ပရိသတ်များသည် အသင်းနှင့် တစ်သားတည်း ရပ်တည် အားပေးရာတွင် အလွန်နာမည်ကောင်း ရခဲ့သော်လည်း အိမ်ကွင်းတွင် ဂျူဗင်းတပ်စ်အား (၃-၀)ဖြင့် အရေးနိမ့်ပြီး ချန်ပီယံလိဂ်မှ ထွက်ခွာ ခဲ့ရချိန်တွင် လှောင်ပြောင်ကြသဖြင့် ဂျာမန် လက်ရွေးစင် ကစားသမားက စိတ်ပျက်နေသည်။ ဒေါ့တ်မန်သည် အီတလီ ချန်ပီယံ အသင်းကို ပထမ အကျော့ အဝေးကွင်းတွင် (၂-၁)ဖြင့် အရေး နိမ့်ခဲ့ပြီး ဖြစ်သည်။ ဆီလာ့စ်ပါ့ခ်မှ အိမ်ကွင်း ပရိသတ်များသည် နည်းပြ ယာဂင်ကလော့ပ်၏ အသင်း ကစားပုံကို စိတ်ပျက်ခဲ့ပြီး ဒုတိယပိုင်း တစ်လျှောက်လုံးလိုလို အော်ဟစ် လှောင်ပြောင်နေကြခြင်း ဖြစ်သည်။

ဟမ်မဲလ်စ်က “ပရိသတ်တွေဆီက လက်ခေါက်မှုတ်သံတွေ ဆူညံနေတာပဲ။ ဒါတွေက ကျွန်တော်တို့အတွက် အဆင်မပြေဘူးလေ။ တကယ်လို့ ပွဲအပြီးမှာ ဆိုရင်တော့ တစ်မျိုးပေါ့။ ပထမပိုင်း အပြီးလောက်မှာ ကတည်းက ဒါမျိုးဖြစ်နေတာက အဓိပ္ပါယ် မရှိဘူး”ဟု ဆိုသည်။ ၎င်းက “ဒီပွဲမှာ အခုလို ရှုံးခဲ့တာဟာ တကယ့်ကို တုန်လှုပ်စရာပါ။ ဒါက သံသယ မရှိပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်ခဲ့ဘူး။ ပထမပိုင်းက မဆိုးလှဘူး။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ စွမ်းဆောင်ရည်က လုံးဝ ပျောက်သွားတယ်။ နားလည်မှု အလွဲတွေကနေ ဘောလုံးတွေ ခဏခဏဆုံးတယ်။ ကျွန်တော်တို့ ရှုံးခဲ့သင့်ပါတယ်။ ဂျူဗင်းတပ်စ်နဲ့ ခြေရည်တူ ကျွန်တော်တို့ မကစားနိုင်ခဲ့ဘူး”ဟုလည်း ဝန်ခံသွားသည်။

Soccer Myanmar

0 comments:

Post a Comment