Pages

Subscribe:

Wednesday, March 25, 2015

တိုက်စစ်မှူး ဒီယေဂိုကော်စတာ စပိန်အသင်း မှနုတ်ထွက်



တိုက်စစ်မှူး ဒီယေဂိုကော်စတာ စပိန်အသင်း မှနုတ်ထွက်
Written by  ဝေဘုန်းလူ

မက်ဒရစ်၊ မတ် ၂၅။     ။ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် တံကောက်ကြော ဒဏ်ရာရနေသောကြောင့် စပိန်လက်ရွေးစင် အသင်းမှနုတ်ထွက် ခဲ့ရသဖြင့် ယူကရိန်းနှင့် ကစားမည့်ယူရို ၂၀၁၄ ခြေစစ်ပွဲ၊ နယ်သာလန်နှင့် ကစားမည့်ခြေစမ်းပွဲ တို့ကိုလွဲချော် မည်ဖြစ်သည်။

အသက် ၂၆ နှစ် အရွယ်ရှိယင်း တိုက်စစ်မှူးသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဟားလ်စီးတီးကို ၃-၂ ဂိုးဖြင့်အနိုင် ရသည့်ပွဲတွင် ဒဏ်ရာရ ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း အတွက် ဂိုး ၂၀မြောက်ဂိုး ကိုသွင်းယူ ခဲ့သည့်ကော်စတာ သည်ပွဲပြီးရန် ၁၅ မိနစ်အလိုတွင် ရီမီနှင့်လူစားလဲ ခံခဲ့ရသည်။

ဒီယေဂိုကော်စတာ သည်ဆေးကုသ မှုခံယူရန် အတွက် စပိန်လေ့ကျင့်ရေး အစီအစဉ်မှ ချယ်လ်ဆီး အသင်းသို့ပြန် သွားပြီဖြစ်သည်ဟု စပိန်ဘောလုံး အဖွဲ့ချုပ် ကကြေညာ ထားသည်။

စပိန်လက်ရွေးစင် အသင်းနည်းပြ ဒယ်ဘော့စကေးသည် ဒီယေဂိုကော်စတာ ၏နေရာတွင် မာလာဂါအသင်းမှ အသက် ၂၁အရွယ် တိုက်စစ်မှူး ဟွမ်မီကိုအစား ထိုးရွေးချယ် ခဲ့သည်။

Ref: BBC

Mizzima

0 comments:

Post a Comment