Friday, May 1, 2015
မက်ဆီရဲ့အားထုတ်မှုက တော်တီနဲ့ ဇီဒန်းတို့ထက် သာလွန်ပါတယ် (Penanka)
မက်ဆီရဲ့အားထုတ်မှုက တော်တီနဲ့ ဇီဒန်းတို့ထက် သာလွန်ပါတယ် (Penanka)
===================
Antonin Panenka က ဘာစီလိုနာနဲ့ ဂီတာဖေး ကစားတဲ့ပွဲမှာ မက်ဆီ အသာအယာ မြှောက်ကန်သွင်းတဲ့ ပင်နတီဟာ သူမြင်ဖူးသမျှ အကောင်းဆုံးဂိုးဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ယခင် Czech လက်ရွေးစင်၊ ထူးခြားတဲ့ ပင်နတီစတိုင် ဖခင်ကြီးဖြစ်တဲ့ Panenka ဟာ ၁၉၇၆ European Championship final မှာ အနောက်ဂျာမနီနဲ့ ကစားစဉ် အဆုံးအဖြတ်ဂိုးကို သွင်းခဲ့တာဖြစ်ပါတယ်။ အဲသည်အချိန်ကစလို့ ကစားသမားအများအပြားက သူ့ရဲ့ ပင်နတီသွင်းဟန်ကို အတုယူခဲ့ကြပါတယ်။
မက်ဆီဟာ ဂီတာဖေးကို ၆-၀ နဲ့ နိင်တဲ့ညက သူ့ကိုယ်ပိုင် Panenka စတိုင်နဲ့ သွင်းခဲ့ရာမှာ အသက် ၆၆နှစ်ရှိပြီဖြစ်တဲ့ Penanka က အာဂျင်တိုင်းသားရဲ့ ကစားဟန်က ရင်သတ်ရှုမောဖွယ်ကောင်းကြောင်း ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါ။ အရမ်းလည်း မပြင်းဘူး။ အလယ်ကို ပြန်ဝိုက်ပြီး ဆင်းသွားတာ။ သူ့နည်းဗျူဟာက ချီးကျူးစရာဖြစ်သလို သူ့ရဲ ပါရမီကိုလည်း ဖော်ပြနေပါတယ်။ Penanka penalty ပုံစံကို ကစားသမားတွေ လိုက်သွင်းကြတာ ပျော်ရွှင်မိပါတယ်။ ဖရန်စစ်စကိုတော်တီနဲ့ ဇီဒန်းတို့လည်း အခုလို သွင်းခဲ့ကြတယ်။ ဒါပေမဲ့ မက်ဆီရဲ့ဂိုးက အလှဆုံးပါ" လို့ RCA 1 နဲ့ တွေ့ဆုံမေးမြန်းရာမှာ Penanka က ပြောကြားခဲ့ပါတယ်။
#လာလေယောင်း
Football Cafe
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment