Pages

Subscribe:

Tuesday, May 12, 2015

မိမိနှင့် ဗန်ဂါးလ်သည် အလွန်ရင်းနှီးသူများ ဖြစ်ကြောင်း မူလာ ဖွင့်ဟ



မိမိနှင့် ဗန်ဂါးလ်သည် အလွန်ရင်းနှီးသူများ ဖြစ်ကြောင်း မူလာ ဖွင့်ဟ

လူးဝစ်ဗန်ဂါးလ်နှင့် မိမိသည် အလွန်ရင်းနှီးသူများ ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် တိုက်စစ် ကစားသမား သောမက်စ်မူလာက ဖွင့်ဟခဲ့သော်လည်း မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ဆွေးနွေးနေခြင်း မရှိကြောင်း ငြင်းဆိုသွားခဲ့သည်။

ဘိုင်ယန်မြူးနစ်တွင် နှစ်နှစ်ကြာ နည်းပြတာဝန်ယူခဲ့သည့် ဗန်ဂါးလ်သည် ဆုဖလားနှစ်ခု ရခဲ့သည့် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွင် အဆိုပါ ဂျာမနီ လက်ရွေးစင် ကစားသမား မူလာအား အဓိက အခန်းကဏ္ဍမ ပါဝင်စေခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီက ဗန်ဂါးလ်သည် အသက် ၂၅ နှစ်အရွယ် ကစားသမားကို အိုးထရတ်ဖို့ဒ်သို့ ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မိမိအနေဖြင့် ဘိုင်ယန်မြူးနစ်နှင့် စာချုပ်အပေါ် လေးစားရမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ဒါက လျှို့ဝှက်စရာ မဟုတ်ပါဘူး။ လူးဝစ်ဗန်ဂါးလ်နဲ့ ကျွန်တော်က အရမ်းကို ခင်မင်ကြသူတွေပါ။ ကျွန်တော်တို့က ကစားသမားတစ်ယောက်နဲ့ နည်းပြတစ်ယောက်ကြားက သာမန်ဆက်ဆံမှုမျိုးထက် ပိုပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ဘိုင်ယန်စာချုပ်က ၂၀၁၇ မှ ကုန်ဆုံးမှာပါ” ဟု မူလာက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment