Pages

Subscribe:

Monday, May 11, 2015

ပြင်သစ် အမှတ်ပေးဖလား ရရှိရန် နီးစပ်လာသည့် ပီအက်စ်ဂျီ



ပြင်သစ် အမှတ်ပေးဖလား ရရှိရန် နီးစပ်လာသည့် ပီအက်စ်ဂျီ

ဒုတိယနေရာမှ လိုင်ယွန် အသင်း ဟာ Caen အသင်း ကို အဝေးကွင်းမှာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး နောက် ပီအက်စ်ဂျီ အသင်း ဟာ နောက်ဆုံး နှစ်ပွဲတွင် တစ်မှတ်ရရှိယုံဖြင့် ပြင်သစ် အမှတ်ပေးဖလားကို သိမ်းပိုက်နိုင်မည် ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်း ဟာ ပြီးခဲ့တဲ့ သောကြာနေ့က Guingamp ကို ခြောက်ဂိုး ပြတ် အနိုင်ရရှိခဲ့ပြီး နှစ်ပွဲကျန်အနေအထားတွင် ခြောက်မှတ် အထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

လိုင်ယွန် အသင်း သည် Caen ကိုရှုံးနိမ့်ခဲ့ပြီး နောက်မှာ တော့ အမှတ်ပေးဖလား အတွက် ပီအက်စ်ဂျီ ကို ဆက်လက်ဖိအားပေးရန် အရေးနိမ့်ခဲ့ပြီ ဖြစ်ပါတယ်။

Caen အသင်း ကတော့ ယခုပွဲ အနိုင်ရရှိခဲ့တဲ့ အတွက် တန်းဆင်းဇုန် မှ အသင်းများ ကို ၅ မှတ် အသာဖြင့် အဆင့် ၁၃ ထိ တက်ရောက်နိုင်ခဲ့ပါတယ်။

လောရင့်ဘလန့် ရဲ့ ပီအက်စ်ဂျီ အသင်း ဟာ လာမည့် နှစ်ပွဲတွင် တစ်မှတ် ရရှိယုံဖြင့် ပြင်သစ် အမှတ်ပေးဖလားကို သုံးကြိမ်ဆက်ရရှိတော့မှာ ဖြစ်ပါတယ်။

#KS

Football Cafe

0 comments:

Post a Comment