Pages

Subscribe:

Thursday, May 14, 2015

ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းမှာ ထူးကဲလွန်းကြောင်း ဂျူဗင်းတပ်စ်နည်းပြ ပြောကြား



ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းမှာ ထူးကဲလွန်းကြောင်း ဂျူဗင်းတပ်စ်နည်းပြ ပြောကြား

ချန်ပီယံလိဂ်တွင် ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ခြင်းသည် ဂျူဗင်းတပ်စ်အတွက် အံ့မခန်း ထူးခြားဆန်းကျယ်သည့် ရလဒ်တစ်ခုဟု နည်းပြ မက်စီမီလီယာနို အယ်လာဂရီက ချီးကျူး ပြောကြားလိုက်သည်။

ဂျူဗင်းတပ်စ်သည် အိမ်ကွင်းတွင် အကြိုဗိုလ်လုပွဲ ပထမအကျော့ ပွဲစဉ်ကို (၂-၁)ဖြင့် အနိုင်ကစားပြီး လက်ရှိချန်ပီယံ ရီးယဲလ်၏ အိမ်ကွင်း ဘာနေဗျူးတွင် တစ်ဂိုးစီ သရေကျခဲ့သည့်နောက် နှစ်ကျော့ပေါင်းရလဒ် (၃-၂)ဖြင့် ဗိုလ်လုပွဲ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အယ်လာဂရီ၏ အသင်းသည် ဇွန်လ(၆)ရက်နေ့၊ ဘာလင်မြို့တွင် ကျင်းပမည့် ဗိုလ်လုပွဲကြီး၌ ဘာစီလိုနာနှင့် ယှဉ်ပြိုင်ခွင့် ရရှိလာပြီ ဖြစ်သည်။ ထူးခြားချက်မှာ ဗိုလ်လုပွဲ တက်လာသည့် နှစ်သင်းလုံးသည် ယခုရာသီ ဖလားသုံးလုံး မျှော်လင့်ခွင့် ရှိနေခြင်း ဖြစ်သည်။ ဘာစီလိုနာရော၊ ဂျူဗင်းတပ်စ်ပါ လိဂ်ပွဲများတွင် ချန်ပီယံဖြစ်ရန် နီးစပ်နေပြီး ပြည်တွင်းရှုံးထွက် ပွဲစဉ်များတွင်လည်း ဗိုလ်လုပွဲသို့ အသီးသီး ရောက်ရှိနေသည်။

အယ်လာဂရီက “တကယ့်ကို ထူးကဲကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ရီးယဲလ်ကို ပြိုင်ပွဲက ထုတ်ပစ်ဖို့ ဆိုတာက ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့ အသင်းဟာ ပွဲကျပ်တွေကို ဖြတ်သန်းခဲ့ရတာပါ။ မိုနာကိုနဲ့ ပွဲကလွဲရင် ပွဲတိုင်းလိုလို အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ ဂျူဗင်းတပ်စ်ဟာ အချိန်တိုင်း ပိုပိုပြီး တိုးတက်လာနေတာပါ။ ဗိုလ်လုပွဲ ရောက်လာတာဟာ ကျွန်တော်တို့အတွက် တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။ ဒီရလဒ်နဲ့လည်း တကယ် ထိုက်တန်ပါတယ်။ ပထမပိုင်းမှာ ကတည်းက ကျွန်တော်တို့ ဦးဆောင်ခွင့် ရနေသင့်တာပါ။ ဒါပေမဲ့ ဘာနေဗျူးမှာ ကစားရတာ မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ချာတိတ်တွေက အာရုံစိုက်မှု အပြည့်နဲ့ ကစားသွားခဲ့တယ်။ သူတို့ကို တကယ်ပဲ ချီးကျူးသင့်ပါတယ်။ အီတလီကလပ်တစ်ခု ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်လာခြင်းဟာ အင်မတန် အရေးကြီးတယ်လို့လည်း ကျွန်တော် ခံစားမိပါတယ်”ဟု ပြောကြားခဲ့သည်။

တစ်ရာသီအတွင်း ဖလားသုံးလုံး ရယူရေးနှင့် ပတ်သက်ပြီးမူ အယ်လာဂရီက “ကျွန်တော် လောလောဆယ် အဲဒီအကြောင်း မစဉ်းစားပါဘူး။ ဗုဒ္ဓဟူးနေ့မှာ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲ ကစားပါမယ်။ ဒါကိုပဲ တွေးပါတယ်။ ဒါဟာ အရေးကြီး ပွဲစဉ်တစ်ခုပါ”ဟု ပြောဆိုသွားသည်။

Soccer Myanmar

0 comments:

Post a Comment