Pages

Subscribe:

Tuesday, May 12, 2015

ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာအသင်းကို ဖယ်လ်ကာအို ဦးဆောင်မည်



ကိုပါအမေရိကပြိုင်ပွဲတွင် ကိုလံဘီယာအသင်းကို ဖယ်လ်ကာအို ဦးဆောင်မည်
Written by  အောင်ငြိမ်းသွေး

ကိုလံဘီယာ၊ မေ ၁၂။       ။ ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မည့် ကိုလံဘီယာအသင်း၏ ဆန်ခါတင် ကစားသမား ၃၀ ဦးစာရင်းကို နည်းပြ ပီကာမန်းက ထုတ်ပြန်ကြေညာခဲ့ရာတွင် မန်ယူတိုက်စစ်မှူး ဖယ်လ်ကာအို ပါဝင်လာခဲ့သည်။

ဖယ်လ်ကာအိုသည် ယခုရာသီတွင် မန်ယူအသင်းအတွက် လေးဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ပီကာမန်းက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ကိုလံဘီယာ အသင်း၏ ပဏာမ စာရင်းတွင် အာဆင်နယ် ဂိုးသမား အော့စ်ပင်နာ၊ ချယ်လ်ဆီး ကွင်းလယ်လူ ကွာဒရာဒို၊ အင်တာ ကွင်းလယ်လူ ဂွါရင်၊ ရီးယဲလ် ကွင်းလယ်လူ ရိုဒရီဂွက်ဇ်၊ ဆီဗီလာ တိုက်စစ်မှူး ဘက်ကာ၊ ပေါ်တိုတိုက်စစ်မှူး ဂျေဆင်မာတီနက်ဇ်တို့အားလုံးပါဝင်ခဲ့ကြသည်။

ကိုလံဘီယာအသင်း၏ နောက်ဆုံး ၂၃ ဦးစာရင်းကို လာမည့် ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ ကိုလံဘီယာအသင်းသည် အုပ်စု(ဂ)တွင် ဘရာဇီး၊ ပီရူး၊ ဗင်နီဇွဲလားတို့နှင့် ကျရောက်လျက်ရှိပြီး ဇွန်လ ၁၄ ရက်နေ့တွင် ဗင်နီဇွဲလားအသင်းနှင့် ပွဲဦးထွက် ကစားရမည် ဖြစ်သည်။

ကိုလံဘီယာအသင်း၏ ပဏာမ ကစားသမား စာရင်း

ဂိုး - အော့စပင်နာ(အာဆင်နယ်)၊ ဘွန်နယ်လာ (Equidad)၊ ဗားဂက်စ်(အက်သလက်တီကိုနေစီယွန်နယ်)

နောက် - အန်ဒရာဒီ(စတန်းဒက်လီဂီ)၊ အေရီရက်စ်(ပီအက်စ်ဗွီ)၊ အာမီရို(ဖလာမင်ဂို)၊ ဘာလန်တာ(ရေးဗားပလိတ်)၊ ဖရန်ကို(ဘီဆစ်တပ်စ်)၊ မီဇာ(ဆန်တာဖီ)၊ ဂျိုဟန်မိုဂျီကာ(ဗယ်လာဒိုးလစ်)၊ မူရယ်လို(ဂရန်နာဒါ)၊ ဗဲလ်ဒက်စ်(နေစီယွန်နယ်)၊ ဇာပါတာ(အေစီမီလန်)၊ ဇူနီဂါ(နာပိုလီ)

လယ် - အဂွီလာ(တူးလော့စ်)၊ ကာဒိုနာ(မွန်တာရေး)၊ ကွာဒရာဒို(ချယ်လ်ဆီး)၊ ဂွါရင်(အင်တာမီလန်)၊ မီဂျာ(မွန်တာရေး)၊ ကွင်တာရို(ပေါ်တို)၊ ရန်တာရီရာ(ဆန်းတို့စ်လာဂူနာ)၊ ရိုဒရီဂွက်ဇ်(ရီးယဲလ်)၊ ကားလို့စ်ဆန်းချက်ဇ်(ဗီလာ)၊ ဗလင်စီယာ(ဆန်းတို့စ်)

ရှေ့ - ဖယ်လ်ကာအို(မန်ယူ)၊ ဘက်ကာ(ဆီဗီလာ)၊ ဂျေဆင်မာတီနက်ဇ်(ပေါ်တို)၊ မူရီရယ်(ဆမ်ဒိုးရီးယား)၊ အိုင်ဘာဘို(ရိုးမား)၊ ဂူတီယာရက်ဇ်(ရေးဗားပလိတ်)

Ref: CA 2015

Mizzima

0 comments:

Post a Comment