Pages

Subscribe:

Monday, May 11, 2015

ထိုင်းအမျိုးသမီး အသင်းကို ရှုံးနိမ့်ကာ ဒုတိယ နေရာဖြင့်သာ မြန်မာ အမျိုးသမီး အသင်း ကျေနပ်ခဲ့ရ



ထိုင်းအမျိုးသမီး အသင်းကို ရှုံးနိမ့်ကာ ဒုတိယ နေရာဖြင့်သာ မြန်မာ အမျိုးသမီး အသင်း ကျေနပ်ခဲ့ရ

ဗီယက်နမ် နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး အသင်းဟာ ထိုင်းအမျိုးသမီးကို ရှုံးနိမ်ကာ ဒုတိယနေရာ ဖြင့်သာ ကျေနပ်ခဲ့ရပါသည်။

မြန်မာ အမျိုးသမီး အသင်းဟာ ယခုနှစ်မှာ ဗိုလ်စွဲပါက အအောင်မြင်ဆုံး အသင်း နေရာကို ရရှိနိုင်မှာ ဖြစ်တာကြောင့် သြစတြေးလျ အသင်းကို အနိုင် ရရှိခဲ့တဲ့ လူစာရင်းဖြင့်သာ ပွဲထွက် လာခဲ့ပါတယ်။ မြန်မာ အမျိုးသမီး အသင်းဟာ ပွဲစကတည်းက ဂိုးရဖို့ ကြိုးစား ကစားသွားခဲ့ပေမယ့် ဂိုးကံခေနေ ခဲ့သလို အနည်းငယ် အချိတ်ဆက် လွဲနေတာကြောင့် ဂိုးမရရှိခဲ့ပါဘူး။ ပွဲချိန် မိနစ်၃၅ မိနစ်မှာတော့ ထိုင်းအမျိုးသမီး အသင်းက မထင်မှတ်ဘဲ ဦးဆောင်ဂိုး ရရှိ သွားပါတယ်။မြန်မာ အမျိုးသမီး အသင်း နောက်တန်း လူတွေ လူကျွံဘော ကစားတာ အားနည်းမှုက တဆင့် ထိုင်းအမျိုးသမီး အသင်းရဲ့ နံပါတ်၂၂ က ဂိုးသမား မြဖူးငုံရဲ့ပေါင်ကြားက တဆင့် သွင်းယူခဲ့ပါသည်။ ဒုတိယပိုင်း ပြန်စချိန်မှာတော့ မြန်မာ အမျိုးသမီး အသင်းဟာ ချေပဂိုး ရဖို့ ပိုမိုကြိုး စား လာခဲ့သလို ထိုင်းအမျိုးသမီး အသင်းကလည်း ရရှိထားတဲ့ အနိုင်ဂိုးကို မပေးရအောင် ခံစစ် ပိုမို ကစား လာခဲ့ပါတယ်။

ပွဲချိန် ၅၁မိနစ်မှာတော့ ခင်မာလာထွန်းရဲ့ ဖန်တီးပေးမှုက တဆင့်ခင်မိုးဝေမှ ချေပဂိုးကို သွင်းယူခဲ့ပါသည်။ မြန်မာ အမျိုးသမီး အသင်းဟာ ယနေ့ ပွဲမှာ တိုက်စစ်ပိုင်း ကစားပုံ ကောင်းမွန်ခဲ့ပေမယ့် နောက်တန်း ကစားပုံ အားပျော့ခဲ့ပြီး နောက်တန်းနဲ့ ဂိုးသမားတို့ ရဲ့ အမှားတဆင့် ပွဲချိန် ဆယ်မိနစ် အတွင်း ဦးဆောင်ဂိုး နှစ်ဂိုး ထပ်မံ ပေးလိုက်ရပါသည်။ မြန်မာ အမျိုးသမီး အသင်းဟာ ချေပဂိုးများ ပြန်လည် ရရှိဖို့ လူစား ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့သလို ဒဏ်ရာ ပြသနာ ရှိနေတဲ့ ကွင်းလယ် ကစားသမား သန်းသန်း ထွေးကိုပါ ထည့်သွင်း ခဲ့ပေမယ့် တိုက်စစ်မှုး ၀င်းသိင်္ဂထွန်း သွင်းယူတဲ့ ချေပဂိုး တစ်ဂိုးသာ ပြန်ရခဲ့တာကြောင့် ထိုင်းအမျိုးသမီး အသင်းက ဒုတိယ အကြိမ်မြောက် ချန်ပီယံဆုကို ပိုင်ဆိုင် သွားခဲ့သည်။ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ဗီယက်နမ်၊ မြန်မာနဲ့ ထိုင်းအမျိုးသမီး အသင်းက နှစ်ကြိမ်စီ ဗိုလ်စွဲ ထားတယ်လို့ သိရ ပါသည်။

Soccer Myanmar

0 comments:

Post a Comment