Pages

Subscribe:

Wednesday, May 13, 2015

ဘိုင်ယန်မြူးနစ်နိုင်သော်လည်း နေမာရဲ့အဝေးဂိုးတွေကြောင့် ဘာစီလိုနာဗိုလ်လုပွဲတက်



ဘိုင်ယန်မြူးနစ်နိုင်သော်လည်း နေမာရဲ့အဝေးဂိုးတွေကြောင့် ဘာစီလိုနာဗိုလ်လုပွဲတက်

ဘိုင်ယန်မြူနးစ်ဟာ ပထမအကျော့က ရှုံးကြွေးကိုဆပ်ပြီး ဘာစီလိုနာကို အကောင်းဆုံးကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် နေမာရဲ့အဝေးကွင်းသွင်းဂိုးနှစ်ဂိုးကြောင့် ဗိုလ်လုပွဲတက်ခွင့် လွဲခဲ့ရပြီဖြစ်ပါတယ်။ ပွဲစပြီး သိပ်မကြာခင်မှာ ဘိုင်ယန်မြူနးစ်အဖွင့်ဂိုးရလိုက်လို့ အားတက်စရာဖြစ်ခဲ့ရပေမယ့် နေမာက ခဏအတွင်းမှာပဲ ချေပဂိုးနဲ့ဦးဆောင်ဂိုးသွင်းသွားနိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ်ဒုက္ခရောက်သွားခဲ့ရပါတယ်။ ဘာစီလိုနာအတွက် ၂၀၁၁ နောက်ပိုင်းမှာ ပထမဆုံးကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာက ပထမအကျော့ကအတိုင်း မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်ကလည်း ၄-၄-၂ ကစားကွက်ကို အခြေခံကာ မူလာ၊ လီဝမ်ဒေါစကီးတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစပြီး ၇ မိနစ်အကြာမှာထောင့်ကန်ဘောကတဆင့် ဘိုင်ယန်မြူးနစ် နောက်ခံကစားသမား ဘီနာတီယာခေါင်းတိုက်ချက်ကြောင့် ဂိုးရသွားခဲ့ပါတယ်။ စောစောစီးစီးဂိုးရသွားခဲ့လို့ ဘိုင်ယန်မြူးနစ်ဟာ တိုက်စစ်ကိုသိသိသာသာလိုက်ပါ ကစားပါတော့တယ်။ အဲဒီအမှားကြောင့်ပဲ တန်ပြန်တိုက်စစ်ကတဆင့် ဂိုးတွေ ခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် ရလာတဲ့ဘောလုံးကို မက်ဆီက ဆွာရက်ဇ်ဆီထိုးပေးလိုက်တာဖြစ်ပါတယ်။ ဆွာရက်ဇ်က ဘောလုံးကိုအနည်းငယ်ဆွဲပြေးပြီး တဖက်မှာ ရှိနေတဲ့ နေမာဆီ ပို့ပေးခဲ့လို့ နေမာအမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ဦးဆောင်ခွင့်ဟာ ရှစ်မိနစ်ပဲကြာမြင့်လိုက်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးနေမာကတော့ နောက်ဆုံး ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သူဖြစ်လာခဲ့ပါတယ်။ ၂၉ မိနစ်မှာ ဧည့်သည်ဘာစီလိုနာ မထင်မှတ်ပဲ ဦးဆောင်ဂိုးထပ်ရပါတယ်။ ဒီဂိုးကြောင့်လည်း ဗိုလ်လုပွဲတက်ဖို့ သေချာသွားခဲ့တာပါ။ ဒီတစ်ခါလည်း ရှေ့ကိုသာမဲနေတဲ့ ဘိုင်ယန်မြူးနစ်နောက်တန်းအမှားကြောင့် မက်ဆီက လူကပ်ခံရခြင်းမရှိတဲ့ ဆွာရက်ဇ်ဆီကို ကန်တင်ပေးလိုက်တာပါ။ ဆွာရက်ဇ်က ဂိုးဧရိယာထဲဆွဲပြေးပြီး နောက်ကတက်လာတဲ့ နေမာရှေ့ကို ချပေးခဲ့တာ ဖြစ်ပါတယ်။ နေမာက ထိန်းပြီး အသာအယာကန်သွင်းခဲ့လို့ ဘာစီလိုနာ ဒုတိယဂိုးရသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဘာစီလိုနာဘက်က ဆွာရက်ဇ်အစား ပက်ဒရိုဝင်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် ကျန်ရှိတဲ့ပွဲချိန် အတွင်းမှာ လိုအပ်တဲ့ဂိုးရဖို့ ပိုဖိကစားခဲ့ပါတယ်။ ဘာစီလိုနာက နှစ်ဂိုးသွင်းလိုက်လို့ နောက်ထပ်ငါးဂိုေးလာက်သွင်းမှသာ နောက်တဆင့်တက်တော့မှာ ဖြစ်ပေမယ့် ဘိုင်ယန်ဘက်က အိမ်ကွင်းမှာ အရှုံးပေးဖို့ ငြင်းဆန်ခဲ့ပြီး ကစားပြသွားခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ဘိုင်ယန်မြူးနစ်ချေပဂိုး ရခဲ့ပါတယ်။ ရှဝိန်းစတိုင်ဂါရဲ့ ပေးပို့မှုကတဆင့် တိုက်စစ်မှူးလီဝမ်ဒေါစကီးက ဂိုးဧရိယာထိပ်ကနေ ဘောလုံးကို တစ်ချက်ထိန်းပြီး သေသေသပ်သပ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဆက်တိုက်ဖိအားပေးခဲ့ပြီး ဘာစီလိုနာခံစစ် အားပြုနေခဲ့ရပါတယ်။

၆၄ မိနစ်မှာ ဘာစီလိုနာပထမဆုံးအဝါကဒ်အဖြစ် ရာကီတစ်အပြခံရပါတယ်။ မူလာနဲ့ ရှဝိန်းစတိုင်ဂါ အပေးအယူကတဆင့် တိုက်စစ်မှူးမူလာက အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဘာစီလိုနာဘက်ကက အင်နီယေစတာအစား ဇာဗီဝင်လာခဲ့ပါတယ်။ အိမ်ကွင်းမှာ ဘိုင်ယန်အသင်း ဂုဏ်သိက္ခာအတွက် ဘာစီလိုနာကို အနိုင်ရအောင် ကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ဂိုးပမာဏအထိ မသွင်းနိုင်ခဲ့လို့ နှစ်နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်က လှည့်ပြန်ခဲ့ရပါတယ်။

ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ဘာစီလိုနာဘက်ကလည်း ကစားသမားနှစ်ဦးလောက် အဝါကဒ် အပြခံခဲ့သလို ဘိုင်ယန်မြူးနစ်ဘက်ကလည်း ကစားသမားငါးဦး အဝါကဒ်ပြသတိပေးခံခဲ့ရပါတယ်။ ဘာစီလိုနာအတွက်လည်း ဒီပွဲစဉ်ရှုံးနိမ့်သွားတာဟာ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲကိုတော့ တက်လှမ်းနိုင်ခဲ့ပါတယ်။

Soccer Myanmar

0 comments:

Post a Comment