Pages

Subscribe:

Tuesday, May 12, 2015

ဘာစီလိုနာမှ မက်ဆီ ထွက်ခွာလိမ့်မည် မဟုတ်ဟု ဖာဘရီဂက်စ် ပြောကြား



ဘာစီလိုနာမှ မက်ဆီ ထွက်ခွာလိမ့်မည် မဟုတ်ဟု ဖာဘရီဂက်စ် ပြောကြား

ကလပ်အသင်းကို ချစ်မြတ်နိုးသည့် လီယွန်နယ် မက်ဆီကို ဘာစီလိုနာမှ ခေါ်ယူနိုင်မည့် အခွင့်အရေး မရှိကြောင်း ဆက်ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။

ယခုနှစ် ဘောလုံးရာသီ အစောပိုင်းက မက်ဆီသည် နည်းပြ လူးဝစ်အင်းနရစ်နှင့် အဆင်မပြေဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သလို နိုဝင်ဘာလ နိုင်ငံတကာပွဲများ ကျင်းပနေချိန်တွင်လည်း မိမိအနေဖြင့် နူးကမ့်တွင် ဆက်နေရန် မသေချာကြောင်း နံပါတ် ၁၀ ကစားသမားက ဝန်ခံပြောကြားခဲ့သည်။

သို့သော်လည်း မက်ဆီနှင့် ဘာစီလိုနာသည် ယခုနှစ်တွင် တိုးတက်ပြောင်းလဲလာခဲ့ပြီး အသင်းအနေဖြင့်လည်း ဖလားသုံးလုံး လမ်းကြောင်းပေါ်တွင် ရပ်တည်လျက်ရှိသည်။

“လီယိုက ဘာစီလိုနာကို ချစ်မြတ်နိုးသူပါ။ သူနဲ့ ဘာစီလိုနာကို ခွဲခြားလို့မရပါဘူး။ လူတွေက ဘာစီလိုနာအကြောင်း ဆွေးနွေးရင် လီယိုမက်ဆီရဲ့ မျက်နှာကိုပဲ မြင်ယောင်ကြတာပါ။ ကျွန်တော့်အမြင်ကတော့ သူ့အနေနဲ့ ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမားအနေနဲ့ပဲ ဆက်ရှိနေမယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ သူ့ရဲ့ ဘဝနဲ့ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် သူ့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ဘာစီလိုနာက လီယိုပါပဲ။ လီယိုကလည်း ဘာစီလိုနာပါပဲ” ဟု ဖာဘရီဂက်စ်က ဆိုခဲ့သည်။

ဘာစီလိုနာသည် လက်ရှိတွင် လာလီဂါ အမှတ်ပေးဇယားထိပ်၌ ၄ မှတ်အသာဖြင့် ဦးဆောင်နေပြီး ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲတွင် အက်သလက်တစ် ဘီလ်ဘာအိုနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့အပြင် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားသည်။

“လွန်ခဲ့တဲ့ လေး ငါးလလောက်တုန်းက ဘာစီလိုနာရဲ့ ခြေစွမ်းက တော်တော့်ကို ဆိုးရွားခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းက မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်နဲ့ ဂျရတ်ပီကေးတို့က ခြေစွမ်းအမြင့်ဆုံးအချိန်ကို ရောက်နေပါပြီ။ သူတို့က ဒီနှစ်မှာ ဆုဖလားအားလုံးကို ရယူနိုင်စွမ်းရှိပါတယ်” ဟု ချယ်ဆီး ကွင်းလယ်ကစားသမားက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment