Pages

Subscribe:

Thursday, May 14, 2015

ဒေါ့တ်မန် ကွင်းလယ်လူ ဂွန်ဒိုဂန်အတွက် အာဆင်နယ် ဆက်သွယ်စုံစမ်းမှုများပြုလုပ်



ဒေါ့တ်မန် ကွင်းလယ်လူ ဂွန်ဒိုဂန်အတွက် အာဆင်နယ် ဆက်သွယ်စုံစမ်းမှုများပြုလုပ်

အာဆင်နယ် အသင်းသည် ဘိုရပ်ရှားဒေါ့တ်မန် ကွင်းလယ်လူ အိုင်ကေ ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ရန် ဆက်သွယ်ချဉ်းကပ်မှု စတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဂျာမန်လက်ရွေးစင် ဂွန်ဒိုဂန်သည် ဒေါ့တ်မန်နှင့် စာချုပ်သက်တမ်း တိုးဖြစ်တော့မည် မဟုတ်ဟု အတည်ပြုထားသည့်နောက် နွေရာသီတွင် အသင်းမှ ထွက်ခွာရန် သေချာသလောက် ရှိနေသည်။ မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့သည် ဂွန်ဒိုဂန်ကို စုံစမ်းချိတ်ဆက်မှုများ ပြုလုပ်ထားကြပြီး ယခုအခါ အာဆင်နယ်ကပါ ယင်းပြိုင်ပွဲတွင် ပါဝင်လာပြီဟု ယူဆရသည်။ ထို့အပြင် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်သည်လည်း ဂွန်ဒိုဂန်အတွက် မေးမြန်းစုံစမ်းခဲ့ကြောင်း စပိန်သတင်းဌာနများက ဖော်ပြခဲ့သည်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် အသက်ရလာပြီဖြစ်သည့် ကွင်းလယ်လူ မိုက်ကယ်ကာရစ် နေရာတွင် ရေရှည် အစားထိုးရန် ဂွန်ဒိုဂန်ကို အလိုရှိနေခြင်း ဖြစ်သည်။ ယူနိုက်တက်သည် PSG ကွင်းလယ်လူ မာကို ဗာရတ်တီကိုလည်း စိတ်ဝင်စားနေသည့်တိုင် အီတလီ လူငယ်ခြေတက် ကစားသမားက ၎င်းသည် ပဲရစ်မြို့တော်တွင်သာ ဆက်နေလိုကြောင်း ပြောကြားထားသည်။ မန်စီးတီး အနေဖြင့်လည်း ယာယာတိုရေး အသင်းမှ ထွက်ခွာမည့် အခြေအနေတွင် ဂွန်ဒိုဂန်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

အာဆင်နယ်သည် ကွင်းလယ် အထိုင်နေရာတွင် မစ်ကယ်အာတီတာ အသက်ရလာခြင်းနှင့် မက်သရူး ဖလာမီနီ ခြေစွမ်းပုံမှန် မရှိခြင်းတို့ကြောင့် ဂွန်ဒိုဂန်ကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။

Soccer Myanmar

0 comments:

Post a Comment