Pages

Subscribe:

Thursday, May 14, 2015

မြန်မာ ယူ၂၀ အသင်း ယနေ့  သြစတြေးလျ နိုင်ငံမှာ စတင်လေ့ကျင့်မည်



မြန်မာ ယူ၂၀ အသင်း ယနေ့  သြစတြေးလျ နိုင်ငံမှာ စတင်လေ့ကျင့်မည်

ယူ၂၀ ကမ္ဘာ့ဖလားကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာ ယူ၂၀ အသင်းဟာ ယနေ့ မှ စတင်ကာ သြစတြေးလျ နိုင်ငံမှာ စတင် လေ့ကျင့်မယ်လို့ သိရပါသည်။
မြန်မာ ယူ၂၀ အသင်း ယနေ့ မနက်ပိုင်းမှာ သြစတြေးလျ နိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပြီး မဲဘုန်းမြို့ မှာ နေထိုင လေ့ကျင့်သွားပြီး ကလပ်အသင်း တစ်ချို့ နဲ့ လည်း ခြေစမ်းပွဲ ကစားမယ်လို့ သိရပါသည်။
“ကျွန်တော်တို့ အသင်း အနေနဲ့ သည်မှာ ဆယ်ရက်ကြာ နေထိုင် လေ့ကျင့်သွားမှာပါ။ သည်ခရီးစဉ်ကတော့ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ခရီးစဉ်ပါ။ ပြီးတာနဲ့ နယူးဇီးလန် နိုင်ငံကို ဆက်လက် ထွက်ခွာမှာပါ”လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါ သည်။
မြန်မာ ယူ၂၀ အသင်းဟာ ယူ၂၀ ကမာ့္ဘဖလားမှာ အိမ်ရှင် နယူဇီးလန်၊ အမေရိကန်၊ ယူကရိန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး မေလ၃၀ရက်နေ့ မှာ အမေရိကန် အသင်းနဲ့ စတင် ယှဉ်ပြိုင် ကစားရမယ်လို့ သိရပါသည်။
ဒါ့အပြင် မြန်မာ ယူ၂၀ အသင်း အနေနဲ့ နယူးဇီလန် နိုင်ငံမှာ မေလ၂၄ရက်နေ့ မှ စတင်ကာ နေထိုင် လေ့ကျင့် သွားမယ်လို့ သိရပါသည်။

Soccer Myanmar

0 comments:

Post a Comment