Pages

Subscribe:

Wednesday, May 13, 2015

မက်ဆီကို ဂွာဒီယိုလာ ချီးကျူး ~ ချန်ပီယံလိဂ်တွင် ဘာစီလိုနာ ဗိုလ်စွဲမည်ဟု ထင်ကြေးပေး



မက်ဆီကို ဂွာဒီယိုလာ ချီးကျူး ~ ချန်ပီယံလိဂ်တွင် ဘာစီလိုနာ ဗိုလ်စွဲမည်ဟု ထင်ကြေးပေး

ဘာစီလိုနာကို နှစ်ကျော့ပေါင်း ရလဒ်အရ အရေးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသည့်နောက် ဘိုင်ယန်မြူးနစ် နည်းပြ ဂျိုးဆက် ပက်ပ်ဂွာဒီယိုလာက လီယွန်နယ် မက်ဆီကို ချီးကျူးခဲ့သလို အသင်းဟောင်း ဘာစီလိုနာသာ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲလိမ့်မည်ဟု ထင်ကြေးပေးလိုက်သည်။

ဘိုင်ယန်သည် အကြိုဗိုလ်လုပွဲ အိမ်ကွင်းပွဲစဉ်တွင် ဘာစီလိုနာကို (၃-၂)ဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့ (၃-၀)ဖြင့် ရှုံးနိမ့်ထားမှုကြောင့် နှစ်ကျော့ပေါင်း (၅-၃)ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ မက်ဆီသည် ပထမအကျော့က ဘိုင်ယန်ဘက် နှစ်ဂိုးသွင်းခဲ့သလို ဒုတိယ အကျော့ ပွဲစဉ်တွင် ဘာစီလိုနာ ပေးလိုက်ရသည့် နှစ်ဂိုးစလုံးသည် ၎င်းထံမှ စတင်မြစ်ဖျားခံပြီး လူးဝစ်ဆွာရက်ဇ်နှင့် နေမာတို့၏ တွဲလုံးများမှ သွင်းယူသွားခြင်း ဖြစ်သည်။ ဂွာဒီယိုလာက မက်ဆီသည် ယခုအခါ ၎င်း၏ အကောင်းဆုံး ခြေစွမ်းကို တစ်ကျော့ပြန် ရရှိနေပြီဟုလည်း မှတ်ချက်ပြုခဲ့သည်။

“သူပြန်လာပါပြီ။ မက်ဆီကို တစ်ချိန်က လေ့ကျင့် ပျိုးထောင်ပေးခဲ့ဖူးတာကို ကျွန်တော် ဂုဏ်ယူပါတယ်။ အခုဆို သူဟာ အကောင်းဆုံး ခြေစွမ်းကို ပြန်ရနေပါပြီ။ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ သူ့ကိုကျွန်တော် ပီလီလို ကစားသမားမျိုးနဲ့ နှိုင်းချင်ပါတယ်။ သူ့လက်ရှိ ကစားပုံကို မြင်ရတာ ပျော်စရာပါ”ဟု ဂွာဒီယိုလာက ပြောကြားခဲ့သည်။ ဆက်လက်၍ ၎င်းက “ဘာစီလိုနာကိုလည်း ဂုဏ်ပြုချင်ပါတယ်။ သူတို့ဟာ ဘာလင်မှာ အသင်းအတွက် ပဉ္စမမြောက် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ပါလိမ့်မယ်”ဟုလည်း ထင်ကြေးပေးသွားသည်။

Soccer Myanmar

0 comments:

Post a Comment