Pages

Subscribe:

Thursday, May 14, 2015

မြန်မာ ယူ၂၀ ဘောလုံး အသင်းအား ပြည်တွင်း စီးပွားရေး ကုမ္ပဏီခုနှစ်မှ အလှူငွေများ ပေးအပ်



မြန်မာ ယူ၂၀ ဘောလုံး အသင်းအား ပြည်တွင်း စီးပွားရေး ကုမ္ပဏီခုနှစ်မှ အလှူငွေများ ပေးအပ်

ယူ၂၀ ကမ္ဘာ့ ဖလားကို ၀င်ရောက် ယှဉ်ပြိုင်မယ့် မြန်မာ ယူ၂၀ အမျိုးသား ဘောလုံး အသင်းကို ပြည်တွင်း စီးပွားရေး ကုမ္ပဏီ ခုနှစ်ခုမှ ငွေကျပ်သိန်းပေါင်း ၇၆၀နဲ့ အမေရိကန်ဒေါ်လာတစ်သောင်းတစ်ထောင်ပေးအပ်ခဲ့တယ်လို့ သိရပါသည်။
ပြည်တွင်း ကုမ္ပဏီ ခုနှစ်ခု ဖြစ်တဲ့ မန္တလေး ဂိုလ်ဒင်းဝင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ငွေကျပ်သိန်းငါးရာ၊ ရွှေစွန် အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက်မှ ငွေကျပ်သိန်း၁၁၀၊ မြင့်မိုရ်ဝင်းစံ၊ ငွေကျားတိုက် ကုမ္ပဏီအုပ်စု၊ zar & dimond ကုမ္ပဏီ လီမိတက်တို့ မှ ငွေကျပ်သိန်း၅၀ စီ၊ zayar & Associates ကုမ္ပဏီလိမိတက်မှ အမေရိကန်ဒေါ်လာ၈ထောင်၊ ဟိုတယ် မိသားစုမှ အမေရိကန်ဒေါ်လာသုံးထောင်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ အနေနဲ့ တစ်ချို့ တစ်ဝက်ကို ထည့်ပေးလိုက်မှာ ဖြစ်သလို တစ်ချို့ကိုလည်း ဘဏ်မှာ သိမ်းထားပေးတာ ရှိပါတယ်။ မုန့် ဖိုး အနေနဲ့လည်း ထည့်ပေးလိုက်တာ ရှိပါတယ်။ ကျွန်တော် အနေနဲ့ ကစားသမားတွေ အကုန်လုံးကို မှာချင်တာက စုစုစည်းစည်း ကစားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေကို လက်ခံတယ်။ တခြား အခြေအနေတွေကိုတော့ မလိုချင်ဘူး”လို့  မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ် ဥက္ကဌ ဦးဇော်ဇော်က ပြောပါသည်။
ယူ၂၀ ကမ္ဘာ့ဖလားကို အရှေ့တောင် အာရှမှ မြန်မာ ယူ၂၀အသင်း တစ်သင်းတည်းသာ အောင်မြင်ခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်တုန်းကလည်း မြန်မာ ယူ၂၀အသင်းကို ငွေကျပ်သိန်းပေါင်းများစွာ ချီးမြင့်ထားပါတယ်။
မြန်မာ ယူ၂၀ အမျိုးသား ဘောလုံးအသင်းဟာ အိမ်ရှင် နယူးဇီးလန်၊ အမေရိကန်၊ ယူကရိန်း တို့ နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဆိုပါ ပြိုင်ပွဲအတွက် မြန်မာယူ၂၀ အသင်းဟာ ခြောက်လကျော် အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့်း သိရပါတယ်။

Soccer Myanmar

0 comments:

Post a Comment