Pages

Subscribe:

Monday, May 11, 2015

လာမည့်နှစ် ဘောလုံးရာသီတွင် ချယ်ဆီးကို လက်တုံ့ပြန်ရန် မန်စီးတီး အသင့်ရှိနေမည်ဟု အဂူရို ပြောကြား



လာမည့်နှစ် ဘောလုံးရာသီတွင် ချယ်ဆီးကို လက်တုံ့ပြန်ရန် မန်စီးတီး အသင့်ရှိနေမည်ဟု အဂူရို ပြောကြား

လာမည့်နှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယ့ဆုအတွက် ချယ်ဆီးကို စိန်ခေါ်ရန် မန်ချက်စတာစီးတီး အသင့်ရှိနေမည် ဖြစ်ကြောင်း ဆာဂျီယို အဂူရိုက ပြောကြားလိုက်သည်။

အာဂျင်တီးနား တိုက်စစ်မှူးသည် တနင်္ဂနွေနေ့က ကျူပီအာကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် မန်စီးတီးအတွက် ဟက်ထရစ်ဂိုး သွင်းယူခဲ့ပြီးနောက် ၎င်း၏ ယခုနှစ် ဘောလုံးရာသီ သွင်းဂိုး စုစုပေါင်းမှာ ၂၅ ဂိုးအထိ ရှိလာခဲ့သည်။ သို့သော်လည်း ၎င်း၏ သွင်းဂိုးများသည် မန်စီးတီး၏ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ခြင်း မရှိဘဲ ချယ်ဆီးအသင်းက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်ရယူသွားခဲ့သည်။

ထို့နောက် အသက် ၂၆ နှစ်အရွယ် အဂူရိုက မိမိနှင့် မန်စီးတီး အသင်းဖော်များသည် လာမည့်နှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် တိုက်ပွဲဝင်သွားရန် အသင့်ရှိနေကြောင်း ဆိုခဲ့သည်။

“ဒီရာသီမှာ ကျွန်တော်တို့ အမှတ်အများကြီး ဆုံးရှုံးခဲ့ပါတယ်။ အခုအချိန်မှာတော့ အသင်းရဲ့ ခြေစွမ်းက ကောင်းမွန်နေပါပြီ။ ကျွန်တော်တို့အသင်းက လေးပွဲဆက်တိုက် အနိုင်ရထားပါတယ်။ လက်ကျန်နှစ်ပွဲကိုလည်း ဒီလိုခြေစွမ်းမျိုးနဲ့ ကစားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီရာသီကို အကောင်းဆုံး အနေအထားနဲ့ အဆုံးသတ်ပြီး လာမယ့်နှစ် ဘောလုံးရာသီမှာ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမှာပါ။ ဒီရာသီမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေမယ့် လာမယ့်နှစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားပါမယ်။ ဘောလုံးလောကမှာ လက်တုံ့ပြန်တယ်ဆိုတာ ရှိပါတယ်။ အသင်းအနေနဲ့ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ဆုံးဖြတ်ပေမယ့် ကျွန်တော်တို့ကတော့ ရာသီစကတည်းက ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်သွားမှာပါ” ဟု အဂူရိုက ပြောကြားခဲ့သည်။

အဂူရိုသည် ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးရန် နှစ်ပွဲသာ လိုချိန်တွင် ဟယ်ရီကိန်းထက် ၅ ဂိုးပိုသွင်းယူထားနိုင်ခဲ့ပြီး မိမိအနေဖြင့် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆုကို ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း၊ သို့သော်လည်း မန်စီးတီး၏ ရာသီကုန် အဆင့်ရပ်တည်မှုက ပိုမိုအရေးပါကြောင်း ဆိုခဲ့သည်။
“ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အခုအချိန်မှာ ရာသီကုန်ဖို့ကလည်း နှစ်ပွဲပဲ ကျန်ပါတော့သည်။ ဒီဆုကို ကျွန်တော် ရလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့က ပိုအရေးပါပါတယ်” ဟု မန်စီးတီး တိုက်စစ်မှူးက ပြောကြားသွားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment