Pages

Subscribe:

Tuesday, March 31, 2015

BALLON D’OR ဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဘန်ဇီးမား ဆို



BALLON D’OR ဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဘန်ဇီးမား ဆို

မိမိ၏ ကစားသမားဘဝတွင် Fifa Ballon d’Or ဆုကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရီးယဲမက်ဒရစ် တိုက်စစ်မှူး ကာရင်မ်ဘန်ဇီးမားက ပြောကြားလိုက်သည်။

ဘန်ဇီးမား၏ အသင်းဖော် ခရစ္စတီယာနို ရော်နယ်ဒိုသည် ဖီဖာက ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို နောက်ဆုံး နှစ်ကြိမ် ဆက်တိုက် ရရှိထားပြီး လီယွန်နယ်မက်ဆီက ၂၀၀၇ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အဆိုပါဆုကို လေးကြိမ်ဆက် ရရှိထားသည်။ ဘန်ဇီးမားက မိမိအနေဖြင့် ရော်နယ်ဒိုနှင့် မက်ဆီတို့၏ ဂိုးသွင်းမှု ကိန်းဂဏန်းကို မမီနိုင်သော်လည်း မိမိ၏ ကစားသမားဘဝတွင် Ballon d’Or ဆုကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။

“တကယ်လို့ ကျွန်တော်က ဆုဖလားတွေ ဆက်လက်ရရှိနေမယ်ဆိုရင် Ballon d’Or ဆုကို ကျွန်တော် ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့လို တစ်ရာသီ ဂိုး ၈၀ – ၁၀၀ မသွင်းနိုင်ပါဘူး။ ဒါပေမဲ့ ဒီဆုရဖို့အတွက် ထိုက်တန်တဲ့ ကစားသမား အများကြီးရှိပါတယ်” ဟု ဘန်ဇီးမားက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း ကောလာဟလ သတင်းများထွက်ပေါ်နေသည့် ဘန်ဇီမားက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲမတိုင်မီ ဘာစီလိုနာကို သတိပေး ပြောကြားမှု ပြုလုပ်ခဲ့သည်။ “ပီအက်စ်ဂျီက ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ ဒါက ဘာစီလိုနာအတွက် ခက်ခဲနိုင်ပါတယ်။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ ရပ်တည်မှု မြင့်တက်လာတဲ့ အသင်းဖြစ်ပါတယ်။ သူတို့အနေနဲ့ နောက်တစ်ဆင့် တက်နိုင်မယ့် အခွင့်အရေးတွေ ရှိပါတယ်” ဟု ရီးယဲမက်ဒရစ် တိုက်စစ်မှူးက ပြောကြားခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment