Pages

Subscribe:

Sunday, March 22, 2015

မက်အူလေးကို မှားပြီး အနီကတ်ပြခဲ့သည့်အတွက် ဒိုင်လူကြီး ဆွာဘရစ် ပြန်လည်တောင်းပန်



မက်အူလေးကို မှားပြီး အနီကတ်ပြခဲ့သည့်အတွက် ဒိုင်လူကြီး ဆွာဘရစ် ပြန်လည်တောင်းပန်
Written by  အောင်ငြိမ်းသွေး

(အင်္ဂလန်)။ ။ မန်စီးတီးအသင်းနှင့် ဝက်စ်ဘရွန်းအသင်းတို့၏ ပွဲစဉ်တွင် ဝက်စ်ဘရွန်းနောက်ခံလူ မက်အူလေးကို မှားပြီး အနီကတ် ပြသခဲ့သည့်အတွက် ကွင်းလယ်ဒိုင်လူကြီး နီးလ်ဆွာဘရစ်က ပြန်လည်တောင်းပန်လိုက်သည်။

မန်စီးတီးအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ထိုပွဲတွင် ဒိုင်လူကြီးသည် ပွဲချိန် ၂ မိနစ်ကျော်မှာပင် မက်အူလေးကို အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖြစ်အပျက်တွင် မန်စီးတီးတိုက်စစ်မှူး ဘိုနီကို ပြစ်ဒဏ်ကျူးလွန်ခဲ့သူမှာ ဒေါ်ဆင်ဖြစ်ပြီး ထိုမြင်ကွင်းကိုလည်း ဒိုင်လူကြီး ဆွာဘရစ်နေရာမှ ရှင်းလင်းစွာ တွေ့မြင် ခဲ့သော်လည်း မက်အူလေးကို မှားပြီး အနီကတ် ပြသခဲ့ခြင်း ဖြစ်သည်။

ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများ အဖွဲ့ချုပ်က ဒိုင်လူကြီး ဆွာဘရစ်ကို ရွေးချယ်ခဲ့မှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်းနှင့် မှားယွင်းပြီး အနီကတ်ပြခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။ 'မန်စီးတီးနဲ့ ဝက်စ်ဘရွန်းတို့ရဲ့ ပွဲစဉ် ပွဲချိန် ၂ မိနစ်မှာ ဂိုးသွင်းမယ့် အခွင့်အရေးကို ပြစ်ဒဏ်ကျူးလွန်တားဆီးခဲ့တဲ့ မက်အူလေးကို အနီကတ်ပြခဲ့ပါတယ်။ ဒါက ကစားသမားမှားပြီး ပြသခဲ့တာပါ။ ဒါပေမဲ့ အရေးယူမှုကတော့ အတူတူပါပဲ။ ဒိုင်လူကြီး ဆွာဘရစ်က သူ့ရဲ့ အမှားကို ၀န်ခံပြီး တောင်းပန်ထားပါတယ်' ဟု ထိုကြေညာချက်တွင် ပါရှိသည်။

အနီကတ်ပြသခံရချိန်တွင် မက်အူလေးက ပြစ်ဒဏ်ကျူးလွန်သူမှာ မိမိမဟုတ်ကြောင်း ဒိုင်လူကြီးကို ပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့ဘဲ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင်မှ ဒိုင်လူကြီး ဆွာဘရစ်က မှားယွင်းပြီး ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း BT Sport သို့ ပြောကြားခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Mizzima

0 comments:

Post a Comment