Monday, March 16, 2015
ယခုရာသီ စပါးအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် နည်းလွန်းကြောင်း ပိုချက်တီနို ဝန်ခံ
ယခုရာသီ စပါးအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် နည်းလွန်းကြောင်း ပိုချက်တီနို ဝန်ခံ
ယခုရာသီ တော့တင်ဟမ် ဟော့စပါးအသင်း ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက် အလွန်နည်းသွားပြီဟု မန်နေဂျာ မော်ရစ်စီယို ပိုချက်တီနိုက ဝန်ခံ ပြောကြားလိုက်သည်။
စပါးသည် ယမန်နေ့ညက အိုးလ်ထရက်ဖို့ဒ်တွင် မန်ချက်စတာ ယူနိုက်တက်ကို (၃-၀)ဖြင့် အရေးနိမ့်ပြီးနောက် အမှတ်ပေးဇယား အဆင့်(၄) နေရာနှင့် (၆)မှတ်ထိ ပြတ်ကျန်နေပြီ ဖြစ်သည်။ အာဂျင်တီးနား မန်နေဂျာ၏ အသင်းသည် အိမ်ရှင်ကို မည်သို့မျှ မယှဉ်နိုင်ဘဲ မော်ရိုဖယ်လိုင်နီ၊ မိုက်ကယ်ကာရစ်၊ ဝိန်းရွန်နီတို့၏ ပထမပိုင်း သွင်းဂိုးများဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)သင်း စာရင်းတွင် ပါဝင်ရန် လိုအပ်နေရာ လက်ရှိ အခြေအနေတွင် စပါးအတွက် အဆိုပါ ရည်မှန်းချက် ပြည့်မြောက်ရန် ခက်ခဲလွန်းကြောင်း ပိုချက်တီနိုက အသိအမှတ် ပြုခဲ့သည်။
Sky Sportsနှင့် အင်တာဗျူးတွင် ၎င်းက “ထိပ်ဆုံးလေးသင်းမှာ ပါဝင်ပြီး ရာသီသိမ်းဖို့က အရမ်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့ အသင်းကြီးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရဦးမှာပါ။ ဒီပွဲရလဒ်ကတော့ ကျွန်တော်တို့အတွက် ဆိုးရွားတဲ့ နေ့တစ်နေ့နဲ့ တွေ့ကြုံစေခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာ ကစားသမား အားလုံးက အခုပွဲ ကစားပုံ အရမ်းအားနည်းခဲ့တယ် ဆိုတာကို တညီတညွတ်တည်း လက်ခံခဲ့ကြတယ်။ ကျွန်တော်တို့ ဘာကြောင့် အဲဒီလောက် ညံ့ခဲ့သလဲ။ ဒီအချက်ကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ တစ်ပွဲလုံး ကိုယ့်အရည်အသွေး၊ ကိုယ့်ကစားပုံ၊ ကိုယ့်အတွေးအခေါ် ဘာတစ်ခုကိုမှ မပြသနိုင်ခဲ့ဘူးလေ”ဟု ပြောကြားခဲ့သည်။
၎င်းက ပွဲကျန်(၉)ပွဲသာ ရှိတော့ချိန်တွင် ပရီးမီးယားလိဂ် ထိပ်ဆုံး(၄)နေရာ ပါဝင်ရေးအတွက် အလွန်ကောင်းမွန်ပြီး ခြေမှန်သည့် ဖြတ်သန်းမှုမျိုး လိုအပ်မည်ဟု မှတ်ချက်ပြုခဲ့သည်။ “အခုလောလောဆယ်တော့ ရလဒ်ကိစ္စကို သိပ်မတွေးဘဲ ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ပြင်ဆင်ဖို့က ပိုအရေးကြီးပါတယ်။ ပွဲကို ပုံစံကောင်းနဲ့ ကျွန်တော်တို့ အစပြု ကစားနိုင်တာ မရှိခဲ့ဘူး။ ဒီမှာတင် ယူနိုက်တက်ကို အခွင့်အရေး ပေးသလို ဖြစ်သွားတာပါပဲ။ ဒီပြဿနာတွေကို အဖြေရှာ ပြင်ဆင်ဖို့ လိုပါတယ်”ဟုလည်း ၎င်းက ဝန်ခံသွားသည်။
Soccer Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment